Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 1:77

Common Language Bible

ကိုယ်​တော်​၏​လူ​စု​တော်​အား​အ​ပြစ်​ဖြေ​လွှတ်​၍ ကယ်​တင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ရန်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း​ကို လည်း​ကောင်း၊ ပြည်​သူ​အ​ချင်း​ချင်း​ကို​လည်း ကောင်း​သွန်​သင်​ပေး​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​ငယ်​ဆုံး​သူ​မှ အ​ကြီး​မြတ်​ဆုံး​သူ​အ​ထိ​ငါ့​ကို​သိ ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​မည်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​လည်း​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​ယော​ဟန်​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တ​လျှောက် သို့​သွား​ရောက်​၍ ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု​လူ​တို့​အား ဟော​ပြော​၏။-

လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​တွေ့​မြင်​ရ​ကြ​လတ္တံ့' ဟု တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး​ကြော်​လျက်​နေ​၏။

နောက်​တစ်​နေ့​၌​မိ​မိ​၏​ထံ​သို့​သ​ခင်​ယေ​ရှု ကြွ​လာ​သည်​ကို​မြင်​လျှင် ယော​ဟန်​က ``လော​က သား​တို့​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​တော်​မူ သော​ဘု​ရား​သ​ခင်​၏​သိုး​သူ​ငယ်​တော်​ကို ကြည့်​ကြ​လော့။-

ဤ​သို့​မိန့်​တော်​မူ​သည်​အ​တိုင်း​ငါ​တွေ့​မြင်​ရ​ပြီ ဖြစ်​၍ ဤ​သူ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ကို​ငါ​သက်​သေ​ခံ​၏'' ဟု​ဆို​၏။

ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​နာ​မ​တော်​တန်​ခိုး​အား ဖြင့် မိ​မိ​တို့​၏​အ​ပြစ်​များ​ဖြေ​လွှတ်​ခြင်း​ခံ ရ​ကြ​လတ္တံ့​ဟူ​၍ ကိုယ်​တော်​၏​အ​ကြောင်း​ကို ပ​ရော​ဖက်​အ​ပေါင်း​တို့​ဟော​ပြော​ခဲ့​ကြ​၏'' ဟု​မြွက်​ဆို​လေ​သည်။

ပေါ​လု​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​သည် နောင်​တ​ရ​သူ​တို့​အ​ဖို့​ဖြစ်​၏။ ယော​ဟန်​သည် မိ​မိ​၏​နောက်​တွင်​ကြွ​လာ​တော်​မူ​မည့်​အ​ရှင် ကို​ယုံ​ကြည်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ဟော​ပြော​ခဲ့​၏။ ထို​အ​ရှင်​ကား​သ​ခင် ယေ​ရှု​ပေ​တည်း'' ဟု​ဆို​၏။

ပေ​တ​ရု​က ``နောင်​တ​ရ​ကြ​လော့။ သင်​တို့​အ​ပြစ် များ​ပြေ​လွတ်​စေ​ရန် ယေ​ရှု​ခ​ရစ်​၏​နာ​မ​၌​လူ တိုင်း​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း ဟူ​သော​ဆု​ကျေး​ဇူး​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ​ရ ၍ မိ​မိ​တို့​အ​ပြစ်​များ​မှ​ပြေ​လွတ်​စိမ့်​သော​ငှာ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​အား​မိ​မိ​၏ လက်​ယာ​တော်​ဘက်​တွင်​စံ​ပယ်​စေ​၍ ဦး​စီး ခေါင်း​ဆောင်​အ​ဖြစ်​နှင့်​ကယ်​တင်​ရှင်​အ​ဖြစ် ချီး​မြှင့်​တော်​မူ​၏။-

ခရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လူ​တို့​သည်​အ​ပြစ်​များ​မှ​ပြေ​လွတ်​နိုင်​ကြ စေ​ရန် ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​ကို​ပူ​ဇော် သကာ​အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။ လူ​တို့​သည် ခရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​ဖြင့်​အ​ပြစ်​များ မှ​ပြေ​လွတ်​ခြင်း​ကို​ခံ​စား​ရ​ကြ​၏။ ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​သတ်​မှတ်​တော်​မူ​ရ​ခြင်း​မှာ ကိုယ် တော်​သည်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင်​ဖြစ် ကြောင်း​ကို​ပြ​သ​ရန်​ဖြစ်​၏။ ယ​ခု​ခေတ် ကာ​လ​အ​ထိ​ဘု​ရား​သ​ခင်​သည်​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပြီး​လျှင် လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော်​မ​မူ။ သို့​ရာ​တွင်​ယ​ခု​ခေတ်​ကာ​လ​၌​ကိုယ်​တော် သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ပြ​သ​ရန် လူ​တို့​၏​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကိုယ်​တိုင်​ပင်​ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့ ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ ကြောင်း​ကို​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​၏။

ငါ​တို့​သည်​ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း ကြောင့်၊ မိ​မိ​တို့​အ​ပြစ်​၏​အ​နှောင်​အ​ဖွဲ့​မှ​လွတ် မြောက်​ကြ​ရ​၏။ တစ်​နည်း​အား​ဖြင့်​အ​ပြစ်​ဖြေ လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ ငါ​တို့​အား​ဘု​ရား သ​ခင်​ဤ​ကဲ့​သို့​ရက်​ရော​စွာ​ချ​ပေး​တော်​မူ သည့်​ကျေး​ဇူး​တော်​သည်​အ​လွန်​ကြီး​မြတ် လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​ဉာဏ်​ပ​ညာ​အ​သိ​ပ​ညာ​နှင့်​ကြွယ်​ဝ ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ