သို့ရာတွင်သူငယ်၏မိခင်က ``ထိုနာမည်ကို မမှည့်ပါနှင့်။ ယောဟန်ဟုမှည့်ခေါ်ကြပါ'' ဟု ဆို၏။
မိမိချစ်မြတ်နိုးမှုကိုထောက်၍ထိုသူငယ် ကိုယေဒိဒိ ဟုနာမည်မှည့်ရန်ပရောဖက်နာသန်အား အမိန့်ပေးတော်မူ၏။
ကာလအနည်းငယ်ကြာသောအခါငါ၏ ဇနီးသည်သည်ကိုယ်ဝန်ဆောင်ကာသားယောကျာ်း ကိုဖွားမြင်လေသည်။ ထာဝရဘုရားကလည်း ``ထိုသားကိုမြန်မြန်တိုက်မြန်မြန်လုဟု နာမည်မှည့်လော့။-
သို့ရာတွင်သားယောက်ျားဖွားမြင်သည်တိုင်အောင် မာရိနှင့်ပေါင်းသင်းနေထိုင်မှုကိုမပြုဘဲနေ၏။ ထိုသားကိုယေရှုဟုနာမည်မှည့်လေ၏။
သို့ရာတွင်ကောင်းကင်တမန်က ``ဇာခရိ၊ မကြောက်နှင့်။ ဘုရားသခင်သည်သင်တောင်း လျှောက်သည့်ပတ္ထနာကိုနားညောင်းတော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည်သားရတနာ ကိုဖွားမြင်လိမ့်မည်။ ထိုသားကိုယောဟန်ဟု နာမည်မှည့်ရမည်။-
လူတို့က ``သင်၏မျိုးရိုးတွင်ယောဟန်ဟု နာမည်တွင်သူတစ်စုံတစ်ယောက်မျှမရှိ'' ဟု ဧလိရှဗက်အားပြန်ပြောကြ၏။-
ဇာခရိသည်သင်ပုံးတစ်ချပ်ကိုတောင်းယူပြီး လျှင် ``သူငယ်၏နာမည်ကားယောဟန်ဖြစ်၏'' ဟု ရေး၏။-