Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 1:41

Common Language Bible

ဧ​လိ​ရှ​ဗက်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့်​ပြည့်​ဝ​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​၏​ပဋိ​သန္ဓေ​မှာ​က​လေး​အ​မြွှာ​တည်​၍​ထို က​လေး​တို့​သည်​မ​မွေး​ဖွား​မီ​က အ​မိ​၏​ဝမ်း ထဲ​မှာ​အ​ချင်း​ချင်း​အား​ပြိုင်​ကြ​၏။ ထို​အ​ခါ ရေ​ဗက္က​က``ကျွန်​မ​တွင်​အ​ဘယ်​ကြောင့်​ဤ​သို့ ဖြစ်​ရ​သ​နည်း'' ဟု​ဆို​၍​ထာ​ဝ​ရ​ဘု​ရား ထံ​လျှောက်​ထား​လေ​သည်။

ကျွန်​တော်​မျိုး​သည်​မွေး​ဖွား​ချိန်​မှ​အ​စ ပြု​၍ ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ခဲ့​ပါ​၏။ ထို​အ​ချိန်​မှ​စ​၍​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။

သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ကြီး မြတ်​သူ​ဖြစ်​လိမ့်​မည်။ သူ​သည်​စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို​သောက်​လိမ့်​မည်​မ​ဟုတ်။ မွေး​က​တည်း​က​ပင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှင့်​ပြည့်​ဝ​လိမ့်​မည်။-

သူ​သည်​ဇာ​ခ​ရိ​၏​အိမ်​သို့​ဝင်​ပြီး​လျှင်​ဧ​လိ ရှ​ဗက်​ကို​နှုတ်​ဆက်​၏။ မာ​ရိ​၏​နှုတ်​ဆက်​စ​ကား ကို​ကြား​သော​ဧ​လိ​ရှ​ဗက်​၏​ဝမ်း​မှ​က​လေး သည်​လှုပ်​လေ​၏။-

``သင်​သည်​အ​မျိုး​သ​မီး​တ​ကာ​တို့​ထက်​မင်္ဂ​လာ ရှိ​၏။ သင်​ဖွား​အံ့​သော​သား​သည်​မင်္ဂ​လာ​ရှိ​၏။-

သင်​၏​နှုတ်​ဆက်​စ​ကား​ကို​အ​ကျွန်ုပ်​ကြား သော​အ​ခါ​အ​ကျွန်ုပ်​၏​ဝမ်း​မှ​သူ​ငယ်​သည် ဝမ်း​မြောက်​ရွှင်​မြူး​သ​ဖြင့်​ခုန်​ပါ​၏။-

ယော​ဟန်​၏​အ​ဖ​ဇာ​ခ​ရိ​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက်​ဟော​သည်​မှာ၊

သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက်​ယော်​ဒန်​မြစ်​မှ​ပြန်​လာ​တော်​မူ​စဉ် ဝိ​ညာဉ်​တော်​သည်​ကိုယ်​တော်​ကို​တော​ကန္တာ​ရ​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​အ​ရပ်​တွင်​အ​ရက် လေး​ဆယ်​ပတ်​လုံး​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင် ခြင်း​ကို​ခံ​တော်​မူ​၏။-

ထို​သူ​တို့​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက် ဝိ​ညာဉ်​တော်​ပေး​အပ်​တော်​မူ​သည့် တန်​ခိုး​စွမ်း​ရည်​အ​တိုင်း​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ဟော​ပြော​ကြ​ကုန်​၏။

ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ဖြင့်​ပြည့်​ဝ​လျက်``လူ​တို့​၏​ခေါင်း​ဆောင် တို့​နှင့်​အ​ကြီး​အ​ကဲ​တို့၊-

ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ထဲ​မှ​သင်​တို့​နှစ်​သက် သူ လူ​ခု​နစ်​ယောက်​ကို​ရွေး​ချယ်​ကြ​လော့။ ဤ တာ​ဝန်​ကို​ထမ်း​ဆောင်​စေ​ရန်​ထို​သူ​တို့​အား ငါ​တို့​ခန့်​ထား​မည်။ သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ဉာဏ်​ပ​ညာ​နှင့် လည်း​ကောင်း​ပြည့်​ဝ​လျက်​အ​သ​ရေ​ရှိ​သူ များ​ဖြစ်​ရ​မည်။-

သို့​သော်​သ​တေ​ဖန်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​နှင့်​ပြည့်​ဝ​လျက် ကောင်း​ကင်​သို့​ကြည့်​လိုက် သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​လူ​သား​ရပ်​လျက်​နေ​တော်​မူ​သည် ကို​လည်း​ကောင်း​မြင်​လေ​၏။-

ထို့​ကြောင့်​အာ​န​နိ​သည်​ရှော​လု​ရှိ​သည့်​အိမ် သို့​သွား​၍ ရှော​လု​၏​အ​ပေါ်​မှာ​လက်​ကို​တင် ပြီး​လျှင် ``ငါ့​ညီ၊ သင်​သည်​မျက်​စိ​အ​လင်း​ကို ပြန်​လည်​ရ​ရှိ​စေ​ရန်​လည်း​ကောင်း၊ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လာ​စေ​ရန်​လည်း ကောင်း၊ လမ်း​ခ​ရီး​တွင်​သင့်​အား​ထင်​ရှား​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် ငါ့​အား​သင့်​ထံ​သို့ စေ​လွှတ်​တော်​မူ​လိုက်​၏'' ဟု​ဆို​၏။-

သင်​တို့​အား​ပျက်​စီး​စေ​မည့်​သေ​သောက်​ကြူး​ခြင်း ကို​ရှောင်​၍ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်​ရှိ​ကြ လော့။-

သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ