Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 1:39

Common Language Bible

များ​မ​ကြာ​မီ​မာ​ရိ​သည်​အ​သင့်​ပြင်​၍​တောင်​ပေါ် ဒေ​သ​ရှိ​ယု​ဒ​ပြည်​မြို့​တစ်​မြို့​သို့​အ​လျင်​အ​မြန် သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

မာ​ရိ​က ``ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ရှင်​ဖော်​ပြ​သည့်​အ​တိုင်း ပင်​ဖြစ်​ပါ​စေ​သော'' ဟု​ကောင်း​ကင်​တ​မန်​အား ပြန်​ပြော​၏။ ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​မှ​ထွက်​ခွာ​သွား​၏။

သူ​သည်​ဇာ​ခ​ရိ​၏​အိမ်​သို့​ဝင်​ပြီး​လျှင်​ဧ​လိ ရှ​ဗက်​ကို​နှုတ်​ဆက်​၏။ မာ​ရိ​၏​နှုတ်​ဆက်​စ​ကား ကို​ကြား​သော​ဧ​လိ​ရှ​ဗက်​၏​ဝမ်း​မှ​က​လေး သည်​လှုပ်​လေ​၏။-

အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ယု​ဒ ပြည်​တောင်​ကုန်း​ဒေ​သ​တစ်​လျှောက်​လုံး​သို့ ပျံ့​နှံ့​၍​သွား​၏။-

ယော​ရှု​သည်​တိုင်း​ပြည်​တစ်​ခု​လုံး​ကို​တိုက် ခိုက်​အောင်​မြင်​လေ​သည်။ သူ​သည်​တောင်​ပေါ် ဒေ​သ​ရှိ​မင်း​များ၊ အ​ရှေ့​ဘက်​တောင်​စောင်း နှင့်​အ​နောက်​ဘက်​တောင်​ခြေ​ရှိ​မင်း​များ​နှင့် တောင်​ဘက်​ခြောက်​သွေ့​သော​ဒေ​သ​ရှိ​မင်း အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။ ၎င်း​တို့​၏​ပြည်​သူ​ပြည်​သား​အား​လုံး​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဤ​သို့​ပြု​ခြင်း​ဖြစ်​သည်။-

ထို့​ကြောင့်​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​နောက် ဘက်​တွင်​န​ဿ​လိ​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ နယ်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ ရှိ​ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ​ရှိ​ဟေ​ဗြုန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ် သတ်​မှတ်​ကြ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ