လုကာ 1:10Common Language Bibleထိုသို့မီးရှို့ပူဇော်နေချိန်၌ကိုးကွယ်ဝတ်ပြု သူလူအပေါင်းတို့သည် အပြင်မှာဆုတောင်း လျက်နေကြ၏။- အခန်းကိုကြည့်ပါ။ |
အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ဝင်၍ သန့်စင်ခြင်းဝတ်ကိုဆောင်ရွက် သည့်အချိန်မှစ၍ ပြန်ထွက်လာသည့်အချိန် အထိတဲတော်အတွင်း၌မည်သူမျှမရှိ စေရ။ သူသည်မိမိနှင့်မိမိ၏မိသားစု အတွက်လည်းကောင်း၊ ဣသရေလတစ်မျိုး သားလုံးအတွက်လည်းကောင်း အပြစ်ပြေ ခြင်းဝတ်ကိုဆောင်ရွက်ပြီးသောအခါ၊-
သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။-
ထိုနောက်အခြားကောင်းကင်တမန်တစ်ပါး သည်ပလ္လင်တော်အနားသို့လာ၍ရပ်၏။ သူ သည်ရွှေလင်ပန်းကိုကိုင်ထား၏။ ပလ္လင်တော် ရှေ့၌ရှိသောရွှေယဇ်ပလ္လင်ပေါ်မှာဘုရား သခင်၏လူစုတော်ဝင်အပေါင်းတို့၏ဆု တောင်းပတ္ထနာများနှင့်အတူ ပူဇော်မီးရှို့ ရန်များစွာသောနံ့သာပေါင်းကိုသူ့အား ပေးအပ်ထားသည်။-