ရှောလမုန်သီချင်း။ 7:4Common Language Bibleသင်၏ဦခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ၏။ အခန်းကိုကြည့်ပါ။ |
လေဗနုန်တောခေါ်ခန်းမဆောင် အလျားတစ်ရာ့ငါးဆယ်ပေ၊ အနံခုနစ်ဆယ့် ငါးပေ၊ အမြင့်လေးဆယ့်ငါးပေရှိ၏။ ထို ခန်းမဆောင်တွင်သစ်ကတိုးသားတစ်ဆယ့် ငါးတိုင်ရှိသောတိုင်တန်းသုံးတန်းရှိ၏။ ထို တိုင်များပေါ်တွင်သစ်ကတိုးသားထုပ်များ တင်ထား၏။ မျက်နှာကျက်ကိုလည်းသစ် ကတိုးသားဖြင့်ပြုလုပ်ထားလေသည်။-
မကြောက်နှင့်၊သင်သည်နောက်တစ်ဖန် အသရေပျက်ရတော့မည်မဟုတ်။ ရှုတ်ချခြင်းကိုလည်းခံရလိမ့်မည်မဟုတ်။ သင်သည်ငယ်ရွယ်စဉ်အခါကသစ္စာမဲ့သည့် ဇနီး ဖြစ်ခဲ့မှုကိုလည်းကောင်း၊ မုဆိုးမအဖြစ်ဖြင့်မကြံတတ်အောင်ပင် ကိုယ်တိုင်ကြုံခဲ့ရသည်ကိုလည်းကောင်း၊ မေ့လျော့သွားလိမ့်မည်။