ရှောလမုန်သီချင်း။ 2:2Common Language Bibleတောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသော အသီး ကို စားရ၏။ အခန်းကိုကြည့်ပါ။ |
ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင် အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန် ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။