သင်သည်သေလွန်သူငါတို့၏အဖအာဗြဟံ ထက်ပင်ကြီးမြတ်ပါသလော။ ပရောဖက်တို့ သည်လည်းသေလွန်လေပြီ။ သင်သည်မိမိကိုယ် ကိုအဘယ်သူဟုထင်မှတ်ပါသနည်း'' ဟု မေးကြ၏။
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
ဤအရပ်တွင်ဗိမာန်တော်ထက်ကြီးမြတ်သော အရာရှိ၏ဟုသင်တို့အားငါဆို၏။-
အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
သူတို့က ``ကောင်းမြတ်သောအမှုတစ်စုံတစ်ရာ ကိုသင်ပြုသောကြောင့်ခဲနှင့်ပေါက်မည်မဟုတ်။ သင်သည်လူစင်စစ်ဖြစ်ပါလျက်ဘုရားယောင် ဆောင်ကာ ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသောကြောင့်ခဲနှင့်ပေါက်မည်'' ဟုဆို ကြ၏။
လူတို့က ``မေရှိယသည်ထာဝစဉ်အသက်ရှင် တော်မူ၏ဟုပညတ်ကျမ်းကဆိုပါသည်။ သို့ ဖြစ်၍`လူသားသည်မြေမှမြှောက်ထားခြင်းကို ခံရမည်' ဟုအဘယ်ကြောင့်သင်ဆိုပါသနည်း။ လူသားကားအဘယ်သူနည်း'' ဟုမေးမြန်းကြ ၏။
လူထုက ``ထိုသူသည်မိမိကိုယ်ကိုဘုရား သခင်၏သားတော်ဟုဆိုသောကြောင့် သေဒဏ် ခံထိုက်ကြောင်း အကျွန်ုပ်တို့တရားဥပဒေ ကဆိုပါသည်'' ဟုပြန်၍ဖြေကြား၏။
အဖယာကုပ်သည်သူကိုယ်တိုင်မှစ၍သား များ၊ သိုးများ၊ နွားများသည်ဤရေတွင်းရေ ကိုသောက်ခဲ့ကြပါ၏။ အရှင်သည်အဖ ယာကုပ်ထက်ပင်ကြီးမြတ်ပါသလော'' ဟု ဆို၏။
ဤသို့မိန့်တော်မူသောကြောင့်လည်းကောင်း၊ ဥပုသ် စည်းကမ်းကိုချိုးဖောက်ရုံမက ဘုရားသခင်အား မိမိ၏အဖဟူ၍ခေါ်ကာ မိမိကိုယ်ကိုဘုရား နှင့်တန်းတူထားတော်မူသောကြောင့်လည်းကောင်း ယုဒအာဏာပိုင်တို့သည်ကိုယ်တော်ကိုသတ် ရန်ပို၍ကြံစည်အားထုတ်ကြ၏။
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။
သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။