ရှင်ယောဟန် 8:11Common Language Bibleထိုအခါအမျိုးသမီးက ``အရှင်၊ တစ်ယောက် မျှမရှိတော့ပါ'' ဟုပြန်လည်၍လျှောက်ထား ၏။ သခင်ယေရှုက ``ငါသည်လည်းသင့်အားအပြစ် ဒဏ်မစီရင်ပြီ။ သွားလော့။ နောက်တစ်ဖန်အပြစ် မပြုနှင့်'' ဟုမိန့်တော်မူ၏။] အခန်းကိုကြည့်ပါ။ |
သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
အသင်းတော်ဝင်မဟုတ်သူတို့ကိုစစ်ကြော စီရင်ရန်မှာ ငါ၏အလုပ်မဟုတ်။ ထိုသူတို့ ကိုဘုရားသခင်စစ်ကြောစီရင်တော်မူ လိမ့်မည်။ သို့ရာတွင်သင်တို့သည်မိမိတို့ ၏အသင်းတော်ဝင်တို့ကိုစစ်ကြောစီရင် သင့်ကြသည်မဟုတ်ပါလော။ ကျမ်းစာ တော်ကဖော်ပြသည်အတိုင်း ``သင်တို့ အထဲမှဆိုးညစ်သောသူကိုပယ်ရှား ကြလော့။''