Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 7:4

Common Language Bible

မည်​သူ​မ​ဆို​ထင်​ပေါ်​ကျော်​ကြား​လို​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​လျှို့​ဝှက်​စွာ​ပြု​လေ့​မ​ရှိ။ သင်​သည်​ဤ​သို့​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ ကို​ပြု​မည်​ဆို​ပါ​က သင်​၏​အ​ကြောင်း​ကို​ကမ္ဘာ က​သိ​အောင်​ပြု​ပါ​လော့'' ဟု​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​တော​အ​တွင်း​၌ မိက္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``အ​ခြား ပ​ရော​ဖက်​အား​လုံး​က​ပင်​မင်း​ကြီး​သည် အောင်​မြင်​မှု​ရ​ရှိ​လိမ့်​မည်​ဟု​ဟော​ခဲ့​ကြ လေ​ပြီ။ အ​ရှင်​သည်​လည်း​ဤ​အ​တိုင်း​ပင် ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။

မိ​မိ​တို့​ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​ကို​လူ​မြင် သာ​အောင်​ပြု​လုပ်​တတ်​ကြ​၏။ မိ​မိ​တို့​န​ဖူး​နှင့် လက်​မောင်း​များ​ပေါ်​တွင်​ကျမ်း​စာ​လက်​ဖွဲ့​များ​ကို အ​ပြား​ကြီး​ပြု​လုပ်​၍​ဝတ်​ဆင်​တတ်​ကြ​၏။ ဝတ်​လုံ အ​မြိတ်​များ​ကို​ရှည်​လျား​စွာ​ချုပ်​ထား​တတ်​ကြ​၏။-

``ဘု​ရား​သ​ခင်​သည်​သင့်​အား​ကာ​ကွယ်​စောင့် ရှောက်​ရန်​ကောင်း​ကင်​တ​မန်​တို့​အား အ​မိန့်​ပေး​တော်​မူ​မည်​ဖြစ်​ရာ၊သူ​တို့​သည် သင်​၏​ခြေ​ကို​ကျောက်​ခဲ​များ​နှင့်​မ​ထိ​မ​ခိုက်​မိ စေ​ရန်၊ သင့်​အား​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု​ကျမ်း​စာ​တော်​တွင် ပါ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သား​တော်​မှန်​လျှင်​အောက်​သို့​ခုန်​ချ​ပါ​လော့'' ဟု​လျှောက်​၏။

``သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ ညှိုး​ငယ်​သော​အ​သွင် ကို​မ​ဆောင်​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​စာ ရှောင်​လျက်​နေ​ကြောင်း​ထင်​ပေါ်​စေ​လို​သ​ဖြင့် ဆာ​လောင် မွတ်​သိပ်​သော​အ​မူ​အ​ရာ​ဖြင့်​သွား​လာ​တတ်​ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပြီ။-

``သင်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သူ​တော် ယောင်​ဆောင်​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည် လူ​များ​မြင်​သာ​အောင်​တ​ရား​ဇ​ရပ်​များ​နှင့်​လမ်း​ဆုံ လမ်း​ခွ​များ​မှာ​ရပ်​လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ် ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို​သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​ပြီ။-

ကောင်း​သော​သူ​သည်​ကောင်း​သော​အ​ရာ​များ​နှင့် ပြည့်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ ကောင်း​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သူ​မူ​ကား​ဆိုး​ယုတ်​သော​အ​ရာ​များ ကို​ထုတ်​ဖော်​တတ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် စိတ်​နှ​လုံး​တွင်​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ ကို​နှုတ်​က​မြွက်​ဆို​တတ်​သော​ကြောင့်​တည်း။

သ​ခင်​ယေ​ရှု​က ``ငါ​သည်​လူ​အ​ပေါင်း​တို့​ရှေ့ တွင်​အ​စဉ်​ပင်​ပွင့်​လင်း​စွာ​ဟော​ပြော​သွန်​သင် ခဲ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​ရာ ဖြစ်​သော​တ​ရား​ဇ​ရပ်​များ​နှင့်​ဗိ​မာန်​တော်​တွင် ငါ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ အ​ဘယ်​အ​ခါ​၌ မျှ​လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့။-

သို့​ဖြစ်​၍​ညီ​တော်​များ​က​ကိုယ်​တော်​အား ``သင် ပြု​သော​အ​မှု​အ​ရာ​များ​ကို​သင့်​တ​ပည့်​တို့ တွေ့​မြင်​နိုင်​ကြ​စေ​ရန် ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ ယု​ဒ​ပြည်​သို့​သွား​ပါ​လော့။-

(ညီ​တော်​များ​သည်​ပင်​လျှင်​ကိုယ်​တော်​ကို မ​ယုံ​ကြည်​ကြ။)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ