ရှင်ယောဟန် 7:28Common Language Bibleကိုယ်တော်သည်ဗိမာန်တော်ထဲတွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``သင်တို့ငါ့ကို သိကြ၏။ ငါအဘယ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင်ငါသည်ကိုယ့်အခွင့် အာဏာအရလာသည်မဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်သည်သစ္စာနှင့်ပြည့်စုံ တော်မူ၏။ ထိုအရှင်ကိုသင်တို့မသိကြ။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏မိန့်တော်မူချက်ကိုနားထောင်ကြလော့။ ဤ တိုင်းပြည်တွင်နေထိုင်သူတို့အားထာဝရ ဘုရားစွပ်စွဲတော်မူချက်ရှိပေ၏။ ကိုယ်တော် က``ဤတိုင်းပြည်တွင်သစ္စာတရားမေတ္တာ တရားဟူ၍မရှိ။ ငါသည်ဘုရားဖြစ်သည် ဟုပြည်သူတို့ကအသိအမှတ်မပြုကြ။-
ယောသပ်သည်လည်းမိမိထိမ်းမြားရန်သစ္စာ ကတိပြုထားသူမာရိနှင့်အတူ ဂါလိလဲပြည် နာဇရက်မြို့မှယုဒပြည်ဗက်လင်မြို့ဟုနာမည် တွင်သောဒါဝိဒ်မင်း၏မြို့သို့သွား၏။ ထိုအခါ မာရိတွင်ကိုယ်ဝန်အရင့်အမာရှိ၏။ ယောသပ် သည်ဒါဝိဒ်မင်း၏အဆက်အနွယ်ဖြစ်သော ကြောင့်ဗက်လင်မြို့သို့သွားခြင်းဖြစ်၏။-
သူသည်ညဥ့်အခါကိုယ်တော်၏ထံသို့လာ၍ ``အရှင်ဘုရား၊ ဘုရားသခင်အတူပါရှိတော် မမူလျှင် အဘယ်သူမျှအရှင်ပြတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍အရှင်သည်ဘုရားသခင် စေလွှတ်တော်မူသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏'' ဟုလျှောက်၏။
သခင်ယေရှုက ``ငါသည်ကိုယ့်အကြောင်းကို သက်သေခံသော်လည်းငါ၏သက်သေခံချက် သည်ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော်ငါသည် အဘယ်အရပ်မှလာ၍အဘယ်အရပ်သို့ သွားမည်ကိုငါသိသောကြောင့်တည်း။ သင်တို့ မူကားငါအဘယ်အရပ်မှလာသည်ကို လည်းကောင်း၊ အဘယ်အရပ်သို့သွားမည်ကို လည်းကောင်းမသိကြ။-
သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။
ငါသည်သင်တို့မြို့ကိုလှည့်လည်၍ ဘုရား ဝတ်ပြုရာဌာနများကိုကြည့်ရှုခဲ့စဉ် `ငါ တို့မသိသောဘုရားအတွက်' ဟူ၍ကမ္ပည်း လိပ်စာရေးထိုးထားသည့်ယဇ်ပလ္လင်တစ်ခု ကိုတွေ့ရှိခဲ့ပါ၏။ ဤသို့သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသောဘုရား၏အကြောင်း ကိုသင်တို့အားယခုငါဟောပြောပါ၏။-
မည်သည့်နည်းနှင့်မျှဤသို့မဆိုနိုင်။ လူတိုင်း ပင်လိမ်လည်ကြစေကာမူဘုရားသခင်မူ ကား ကတိသစ္စာတည်တော်မူမည်သာဖြစ်၏။ ကျမ်းစာတော်က၊ ``ကိုယ်တော်မိန့်တော်မူသောစကားသည် မှန်ကန်ရမည်။ တရားဆိုင်တော်မူရလျှင်လည်းကိုယ်တော် သာလျှင် အနိုင်ရမည်'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်၏။
ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-