ရှင်ယောဟန် 7:18Common Language Bibleမိမိကိုယ်ပိုင်တရားစကားကိုဟောပြောသွန် သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။ သို့သော်မိမိအားစေလွှတ်တော် မူသောအရှင်၏ဘုန်းအသရေကိုရှာသော သူမူကား ရိုးသားဖြောင့်မှန်စွာဟောပြော တတ်၏။ သူ့မှာမုသားမရှိ။- အခန်းကိုကြည့်ပါ။ |
ငါတို့သည်ခရစ်တော်၏တမန်တော်များ အနေဖြင့်သင်တို့ထံတွင်အခွင့်အရေးများ ကိုတောင်းဆိုနိုင်၏။ သို့သော်သင်တို့၏အချီး အမွမ်းကိုသော်လည်းကောင်း၊ အခြားသူတို့ ၏အချီးအမွမ်းကိုသော်လည်းကောင်းခံ ရစေရန်ငါတို့မကြိုးစား။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ်အခါက သား သမီးများအားယုယစွာပြုစုသည့် မိခင်ကဲ့သို့သင်တို့အားပြုစုခဲ့ကြ၏။-
တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။