Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 6:32

Common Language Bible

သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား မော​ရှေ​သည်​သင်​တို့​အား ကောင်း​ကင်​မှ​အ​စာ​အာ​ဟာ​ရ​ကို​ပေး​သည် မ​ဟုတ်။ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အား ကောင်း​ကင်​မှ အ​စာ​အာ​ဟာ​ရ​အ​စစ်​အ​မှန် ကို​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း​ကိုယ်​တော်​သည်​အ​ထက် ကောင်း​ကင်​အား​မိန့်​မြွက်​တော်​မူ​၏။ ကောင်း​ကင်​တံ​ခါး​များ​အား​ဖွင့်​ရန် အ​မိန့်​ပေး​တော်​မူ​၏။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား``ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​မိုး ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​မည်။ သူ​တို့​သည် နေ့​စဉ်​ထွက်​၍​တစ်​နေ့​စာ​အ​တွက်​မုန့်​ကို​စု သိမ်း​ရ​ကြ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့ သည် ငါ​၏​မိန့်​မှာ​ချက်​အ​တိုင်း​လိုက်​နာ သည်၊ မ​လိုက်​နာ​သည်​ကို​ငါ​သိ​ရ​မည်။-

တစ်​ဖန်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကြား​တော် မူ​သ​ဖြင့် သင်​တို့​စား​ရန်​ည​နေ​တွင်​အ​သား ကို​လည်း​ကောင်း၊ နံ​နက်​တွင်​လို​သ​မျှ​မုန့်​ကို လည်း​ကောင်း​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငါ​တို့​အား​အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း သည်​စင်​စစ်​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း​ပင်​ဖြစ်​၏'' ဟု​ဆို​လေ​၏။

ထို​အ​လင်း​တော်​သည်​လော​က​သို့​ကြွ​လာ​၍ လူ​သား​အ​ပေါင်း​တို့​အ​ပေါ်​တွင် ထွန်း​လင်း တောက်​ပ​သည့်​စစ်​မှန်​သော​အ​လင်း​ဖြစ်​ပေ သည်။

သ​ခင်​ယေ​ရှု​က ``ငါ​သည်​စ​ပျစ်​ပင်​အ​စစ် ဖြစ်​၍​ငါ့​အ​ဖ​သည်​ဥ​ယျာဉ်​မှူး​ဖြစ်​တော် မူ​၏။-

ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။

ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။-

ကိုယ်​တော်​က ``ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​သ​ဖြင့် လူ​တို့​သည်​ညည်း​ညူ​ကြ​၏။-

ဤ​အ​စာ​အာ​ဟာ​ရ​သည်​ကား​ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၍ ယင်း​ကို မှီ​ဝဲ​သူ​သည်​သေ​ရ​လိမ့်​မည်​မ​ဟုတ်။-

ငါ့​အ​သား​သည်​စား​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။ ငါ့​သွေး​သည်​သောက်​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။-

သို့​ဖြစ်​၍​ဤ​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​သုံး​ကြ​ရ​သည့် အ​စာ​အာ​ဟာ​ရ​မျိုး​မ​ဟုတ်။ ထို​အ​စာ​အာ ဟာ​ရ​ကို​သုံး​ဆောင်​သူ​တို့​သည်​သေ​ကြ​ရ​၏။ ဤ အ​စာ​အာ​ဟာ​ရ​ကို​စား​သူ​မူ​ကား​အ​စဉ် မ​ပြတ်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​နောက်​ဆုံး​၌​အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​တော်​ကို​စေ​လွှတ် တော်​မူ​၏။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ ဖြစ်​လာ​စိမ့်​သော​ငှာ​ထို​သား​တော်​သည်​လူ​တို့ အား ပ​ညတ်​တ​ရား​၏​လက်​အောက်​မှ​ရွေး​နုတ် ကယ်​တင်​နိုင်​ရန် လူ​မိ​ခင်​မှ​ပ​ညတ်​တ​ရား အောက်​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။

ဘု​ရား​သ​ခင်​၏​သား​တော်​သည်​လော​က​သို့​ကြွ လာ​တော်​မူ​၍ ငါ​တို့​အား​ဘု​ရား​စစ်​ဘု​ရား​မှန် ကို​သိ​ရှိ​နိုင်​သည့်​ဉာဏ်​ကို​ပေး​တော်​မူ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​စစ်​ဘု​ရား​မှန် ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း တစ်​လုံး​တစ်​ဝ​တည်း​ရှိ​ကြ​၏။ ကိုယ်​တော်​သည် ဘု​ရား​စစ်​ဘု​ရား​မှန်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ အ​သက်​လည်း​ဖြစ်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ