သခင်ယေရှုသည်တောင်ပေါ်သို့တက်တော်မူ၍ တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏။-
လူအပေါင်းတို့အားအိမ်သို့ပြန်စေပြီးနောက် ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် ကိုတက်တော်မူ၏။ ညချမ်းအချိန်ရောက်သော် ထိုအရပ်တွင်တစ်ကိုယ်တည်းရှိနေတော်မူသတည်း။-
သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာ၍ဂါလိ လဲအိုင်ကမ်းခြေတစ်လျှောက်ကြွတော်မူ၏။ ထို နောက်တောင်ကုန်းတစ်ခုပေါ်သို့တက်၍ထိုင်တော် မူ၏။-
ကိုယ်တော်သည်လူပရိသတ်တို့ကိုမြင်တော် မူသဖြင့်တောင်ပေါ်သို့တက်တော်မူ၏။ ကိုယ်တော် ထိုင်တော်မူသောအခါတပည့်တော်တို့သည် အထံတော်သို့လာကြ၏။-
ထိုနောက်ကိုယ်တော်သည်တောင်ပေါ်သို့ကြွတော် မူ၏။ အလိုရှိသောသူများကိုအထံတော်သို့ ခေါ်တော်မူ၏။-
ဤသို့မိန့်တော်မူပြီးနောက်ရှစ်ရက်ခန့်ကြာသော အခါကိုယ်တော်သည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် သို့ကြွတော်မူ၏။-
သခင်ယေရှုသည်ထိုသူတို့လာ၍ မိမိအား အတင်းအဋ္ဌမ္မခေါ်ဆောင်ကာမင်းမြှောက်ကြ လိမ့်မည်ကိုသိတော်မူသဖြင့် တစ်ကိုယ်တည်း တောင်ပေါ်သို့ရှောင်တိမ်းသွားတော်မူ၏။