ထိုအခါသူတို့သည်ဝမ်းမြောက်စွာကိုယ်တော် အားလှေပေါ်သို့ပင့်ဖိတ်ကြ၏။ ထိုနောက်လှေ သည်တစ်ခဏချင်းတွင်ရောက်လိုရာကမ်း ခြေသို့ဆိုက်လေ၏။
ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည်၍၊ သင်တို့ကို ငါမှာထား၏။
ထိုနောက်သူတို့ရှိရာလှေပေါ်သို့တက်တော် မူ၏။ ထိုခဏ၌လေငြိမ်သွား၏။ သူတို့သည် လွန်မင်းစွာအံ့သြတွေဝေလျက်နေကြ၏။-
ကိုယ်တော်က ``မကြောက်ကြနှင့်။ ငါပင်ဖြစ် သည်'' ဟုမိန့်တော်မူ၏။-
နောက်တစ်နေ့၌အိုင်တစ်ဖက်ကမ်းတွင်နေရစ် ခဲ့သောလူပရိသတ်တို့သည် ထိုအရပ်၌လှေ တစ်စင်းတည်းရှိခဲ့သည်ကိုသတိရကြ၏။ ထိုလှေတွင်သခင်ယေရှုလိုက်ပါတော်မမူ ဘဲ တပည့်တော်ချည်းသာလျှင်ထွက်ခွာသွား ကြသည်ကိုသိကြ၏။-
နားထောင်လော့။ ငါသည်တံခါးရှေ့တွင်ရပ်၍ တံခါးခေါက်လျက်နေ၏။ ငါ၏အသံကိုကြား ၍တံခါးကိုဖွင့်သောသူ၏အိမ်သို့ငါဝင်ပြီး လျှင်သူနှင့်အတူစားသောက်မည်။ သူသည် လည်းငါနှင့်အတူစားသောက်ရလိမ့်မည်။-