Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 5:9

Common Language Bible

ထို​သူ​သည်​ချက်​ချင်း​ကျန်း​မာ​လာ​သ​ဖြင့် မိ​မိ​၏​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လေ​၏။ ထို​နေ့​ကား​ဥ​ပုသ်​နေ့​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည် ခုန်​ကြ​လိမ့်​မည်။ ဆွံ့​အ​သူ​တို့​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။ ကန္တာ​ရ​၌​စမ်း​ရေ​ပေါက်​၍​ကန္တာ​ရ​တွင် စမ်း​ချောင်း​စီး​လိမ့်​မည်။

ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ​မ သယ်​မ​ဆောင်​ရ​ကြ။ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး များ​ကို​ဖြတ်​၍၊-

ကိုယ်​တော်​သည်​သူ့​ထံ​သို့​သွား​၍​လက်​ကို​ကိုင်​ဆွဲ ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​သည်​အ​ဖျား​ပျောက် ၍​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။-

မိန့်​တော်​မူ​သည့်​ခ​ဏ​၌ ထို​သူ​သည်​ရော​ဂါ​ပျောက် ၍​သန့်​စင်​သွား​လေ​သည်။-

သ​ခင်​ယေ​ရှု​က ``သွား​လော့။ သင်​၏​ယုံ​ကြည် ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ​ပြီ'' ဟု မိန့်​တော်​မူ​၏။ ချက်​ချင်း​ပင်​ထို​သူ​သည်​မျက်​စိ​မြင်​၍ ကိုယ်​တော် ကြွ​တော်​မူ​ရာ​လမ်း​တွင်​နောက်​တော်​က​လိုက်​လေ သည်။

ထို​နောက်​အ​ဝတ်​တော်​ကို​တို့​ထိ​လေ​၏။ ထို​သို့​တို့​ထိ လိုက်​သည်​နှင့်​တစ်​ပြိုင်​နက်​သွေး​အ​သွန်​ရပ်​၍​သွား သ​ဖြင့် သူ​သည်​ရော​ဂါ​ပျောက်​ကင်း​သွား​သည့် အ​ဖြစ်​ကို​သိ​ရှိ​လာ​၏။-

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ထို​သူ့​ကို​ဗိ​မာန် တော်​ထဲ​တွင်​တွေ့​တော်​မူ​သ​ဖြင့် ``သင်​သည်​ယ​ခု ကျန်း​မာ​လာ​လေ​ပြီ။ နောက်​ထပ်​အ​ပြစ်​မ​ကူး နှင့်။ သို့​မ​ဟုတ်​ပါ​မူ သင်​သည်​ဤ​မျှ​ထက်​ဆိုး ရွား​သော​အ​ဖြစ်​မျိုး​နှင့်​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ဤ​သို့​လျှင်​မော​ရှေ​၏​ပ​ညတ်​တ​ရား​မ​ချိုး ဖောက်​ရန် သင်​တို့​သည်​ဥ​ပုသ်​နေ့​တွင်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ပေး​လျှင် ငါ​သည်​ဥ​ပုသ်​နေ့​၌​လူ တစ်​ဦး​တစ်​ယောက်​အား​ပ​က​တိ​ကျန်း​မာ လာ​စေ​သော​အ​ခါ​၌​မူ အ​ဘယ်​ကြောင့်​ငါ့ အား​အ​မျက်​ထွက်​ကြ​သ​နည်း။-

သ​ခင်​ယေ​ရှု​ရွှံ့​ဖြင့်​ပြု​လုပ်​၍​ထို​သူ​ကို​မျက်​စိ မြင်​စေ​တော်​မူ​သော​နေ့​ကား​ဥပုသ်​နေ့​ဖြစ်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ