Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 5:5

Common Language Bible

ထို​နေ​ရာ​တွင်​သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​မ​ကျန်း မ​မာ​ဖြစ်​နေ​သူ​လူ​တစ်​ယောက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​က ``ဤ​သို့​ဖြစ်​ပျက်​နေ​သည်​မှာ ကြာ​ပြီ​လော'' ဟု​သူ​ငယ်​၏​ဖ​ခင်​အား​မေး တော်​မူ​၏။ ဖ​ခင်​က ``က​လေး​အ​ရွယ်​မှ​ပင်​ဖြစ်​ပါ​သည်။-

အာ​ဗြ​ဟံ​၏​သ​မီး​ဖြစ်​သူ​ဤ​အ​မျိုး​သ​မီး သည် တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​စာ​တန်​၏​အ​နှောင် အ​ဖွဲ့​ကို​ခံ​ခဲ့​ရ​၏။ သူ့​အား​ဥ​ပုသ်​နေ့​၌​ထို အ​နှောင်​အ​ဖွဲ့​မှ​မ​လွှတ်​အပ်​သ​လော'' ဟု​မိန့် တော်​မူ​၏။-

အ​မျိုး​သ​မီး​တစ်​ယောက်​သည်​တစ်​ဆယ့်​နှစ် နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ခဲ့​၏။ မိ​မိ​တွင် ရှိ​သ​မျှ​ကြေး​ငွေ​များ​ကို​အ​ကုန်​ခံ​၍​ဆေး ဆ​ရာ​များ​နှင့်​ကု​သ​သော်​လည်း အ​ဘယ် ဆေး​ဆ​ရာ​မျှ​ရော​ဂါ​ကို​မ​ပျောက်​စေ​နိုင်။-

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ထို​သူ့​ကို​ဗိ​မာန် တော်​ထဲ​တွင်​တွေ့​တော်​မူ​သ​ဖြင့် ``သင်​သည်​ယ​ခု ကျန်း​မာ​လာ​လေ​ပြီ။ နောက်​ထပ်​အ​ပြစ်​မ​ကူး နှင့်။ သို့​မ​ဟုတ်​ပါ​မူ သင်​သည်​ဤ​မျှ​ထက်​ဆိုး ရွား​သော​အ​ဖြစ်​မျိုး​နှင့်​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

(ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​မ​ကြာ မ​ကြာ​ရေ​ကန်​သို့​ဆင်း​သက်​ကာ​ရေ​ကို​လှုပ်​ရှား လေ့​ရှိ​သ​ဖြင့် ထို​သူ​တို့​သည်​ရေ​လှုပ်​ရှား​မည်​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။ ယင်း​သို့​ရေ​လှုပ်​ရှား လာ​ပြီး​နောက် ဦး​စွာ​ပ​ထ​မ​ရေ​ကန်​တွင်း​သို့ ဆင်း​နိုင်​သူ​သည်​ရော​ဂါ​ပျောက်​သွား​လေ​သည်။)-

ထို​သူ​လဲ​လျောင်း​နေ​သည်​ကို​သ​ခင်​ယေ​ရှု မြင်​တော်​မူ​လျှင် ကာ​လ​ကြာ​မြင့်​စွာ​ဤ​သို့ လဲ​လျောင်း​နေ​ခဲ့​သည့်​အ​ဖြစ်​ကို​သိ​တော်​မူ​၏။ ထို့​ကြောင့်​ကိုယ်​တော်​က ``သင်​သည်​ကျန်း​မာ လို​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။

ကိုယ်​တော်​သည်​လမ်း​လျှောက်​၍​ကြွ​တော်​မူ​စဉ် ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို​တွေ့​ရှိ တော်​မူ​၏။-

သို့​ရာ​တွင်​အ​ဘယ်​နည်း​ဖြင့်​သူ့​မျက်​စိ​မြင် လာ​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ သူ့​အား အဘယ်​သူ​မျက်​စိ​မြင်​စေ​သည်​ကို​လည်း​မ​သိ ပါ။ သူ​သည်​အ​ရွယ်​ရောက်​ပါ​ပြီ။ သူ့​အား​မေး ပါ။ သူ့​အ​ကြောင်း​ကို​သူ​ကိုယ်​တိုင်​ပြော​ပြ နိုင်​ပါ​လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-

လုတ္တ​ရ​မြို့​တွင်​အ​ဘယ်​အ​ခါ​က​မျှ​လမ်း​မ လျှောက်​နိုင်​ခဲ့​သူ၊ မွေး​စ​က​ပင်​ခြေ​မ​စွမ်း​မ​သန် ခဲ့​သူ​လူ​တစ်​ယောက်​ရှိ​၏။-

တင့်​တယ်​ဟု​ခေါ်​သော​တံ​ခါး​အ​နီး​တွင်​ဝမ်း တွင်း​ပါ​ခြေ​မ​စွမ်း​မ​သန်​သူ​လူ​တစ်​ယောက် ထိုင်​လျက်​ရှိ​၏။ ဗိ​မာန်​တော်​ထဲ​သို့​လာ​ကြ သော​သူ​များ​ထံ​မှ​ကြေး​ငွေ​တောင်း​ခံ​နိုင်​ရန် နေ့​စဉ်​နေ့​တိုင်း​ထို​သူ​ကို​တံ​ခါး​အ​နီး​တွင် ချ​ထား​လေ့​ရှိ​ကြ​၏။-

အံ့​သြ​ဖွယ်​ကောင်း​အောင်​ရော​ဂါ​ပျောက်​ကင်း သွား​သူ​ကား အ​သက်​လေး​ဆယ်​ကျော်​ရှိ သ​တည်း။

ထို​မြို့​တွင်​လေ​ဖြတ်​သ​ဖြင့်​ရှစ်​နှစ်​ပတ်​လုံး အိပ်​ရာ​ပေါ်​မှာ​တုံး​လုံး​လဲ​နေ​သူ​အဲ​နေ နာ​မည်​ရှိ​သော​လူ​တစ်​ယောက်​ကို​တွေ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ