Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 5:34

Common Language Bible

ငါ့​အ​ကြောင်း​ကို​လူ​တစ်​စုံ​တစ်​ယောက်​က သက်​သေ​ခံ​ရန်​လို​၍​မ​ဟုတ်။ သင်​တို့​ကယ်​တင် ခြင်း​ခံ​ရ​စေ​ရန်​သာ​ဤ​စ​ကား​ကို​ငါ​ပြော ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​သော တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​သည် ကြက်​က​လေး​များ​ကို​မိ​မိ​၏​အ​တောင်​အောက် တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင်​၏​သား သ​မီး​များ​ကို​စု​သိမ်း​ထား​လို​သည်​မှာ​ကြိမ်​ဖန် များ​လှ​လေ​ပြီ။ သို့​ရာ​တွင်​သင်​မူ​ကား​ငါ့​ကို ဤ​သို့​မ​ပြု​စေ​လို။-

လူ​သား​သည်​ပျောက်​ဆုံး​သူ​များ​ကို​ရှာ​ရန် နှင့်​ကယ်​တင်​ရန်​ကြွ​လာ​သ​တည်း'' ဟု​ဇက္ခဲ အား​မိန့်​တော်​မူ​၏။

နာ​မ​တော်​ကို​အ​မှီ​ပြု​၍​အ​ပြစ်​လွှတ်​ခြင်း​တ​ရား နှင့်​နောင်​တ​တ​ရား​ကို​လည်း ယေ​ရု​ရှ​လင်​မြို့​မှ အ​စ​ပြု​၍​လူ​မျိုး​တ​ကာ​တို့​အား​ဟော​ပြော ရ​မည်။-

သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သခင်​၏ သား​တော်​မေ​ရှိ​ယ​အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​လည်း​ကောင်း၊ ယင်း သို့​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ကိုယ်​တော်​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​အ​သက်​ကို​ရ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဤ​ကျမ်း​ကို​ရေး​သား​ပြု​စု သ​တည်း။

သို့​ရာ​တွင်​ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ တစ်​ပါး​ရှိ​၏။ သူ​၏​သက်​သေ​ခံ​ချက်​သည်​မှန် ကန်​ကြောင်း​ကို​ငါ​သိ​၏။-

``လူ​တို့​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း​ကို​ငါ​မ​ခံ​လို။ သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​စိတ်​နှ​လုံး​တွင်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မ​ရှိ​ကြ။-

သ​ခင်​ယေ​ရှု​က ``ငါ​သည်​မိ​မိ​ကိုယ်​ကို​ချီး မြှောက်​ပါ​မူ​ငါ​၏​ဘုန်း​အ​သ​ရေ​သည်​အ​ချည်း နှီး​ပင်​ဖြစ်​၏။ ငါ့​ကို​ချီး​မြှောက်​သူ​ကား​ငါ​၏ ခ​မည်း​တော်​တည်း။ ထို​အ​ရှင်​ကို​သင်​တို့​၏ ဘု​ရား​သ​ခင်​ဟု​ဆို​ကြ​၏။-

ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ​၏​အ​မျိုး​သား များ​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လို​လား​တောင့်​တ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ဆု​တောင်း​၏။-

သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ပတ်​သက်​၍​မူ​ကား``ငါ့​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သော​လူ​မျိုး​အား ငါ​သည်​တစ်​နေ​ကုန်​လက်​ကမ်း​လျက်​ရှိ​၏'' ဟု ဟေ​ရှာ​ယ​ဆို​၏။

ဆိုး​ညစ်​မှု​ကို​ပြု​ခြင်း​အား​ဖြင့်​အ​ရှုံး​မ​ပေး နှင့်။ ကောင်း​မြတ်​မှု​ကို​ပြု​ခြင်း​အား​ဖြင့်​ဆိုး ညစ်​မှု​ကို​အ​နိုင်​ယူ​လော့။

အ​ကယ်​၍​ထို​သူ​အ​ချို့​တို့​သည်​သစ္စာ​မဲ့​ကြ ခြင်း​ကြောင့် ဘု​ရား​သ​ခင်​သည်​လည်း​သစ္စာ​မဲ့ တော်​မူ​မည်​ဟု​ဆို​ရ​မည်​လော။-

ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​တို့​အ​ထဲ သို့​ရောက်​သော​အ​ခါ ထို​သူ​တို့​ကို​ကယ်​တင်​နိုင် ရန်​ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​ကဲ့​သို့ နေ​ထိုင်​၏။ အ​ချို့​သော​သူ​တို့​ကို​တစ်​နည်း နည်း​အား​ဖြင့် ကယ်​တင်​နိုင်​ရန်​ငါ​သည်​လူ အ​မျိုး​မျိုး​အ​ထဲ​၌​အ​မျိုး​မျိုး​နေ​ထိုင်​၏။

သို့​ပြု​လျှင်​သင်​နှင့်​တ​ကွ​သင်​၏​တ​ရား​ကို ကြား​နာ​ရ​သူ​အ​ပေါင်း​တို့​သည်​ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။

ငါ​တို့​သည်​လူ​တို့​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​တတ်​ကြ​၏။ ဘု​ရား​သ​ခင်​၏​သက်​သေ ခံ​တော်​မူ​ချက်​မှာ လူ​တို့​၏​သက်​သေ​ခံ​ချက် ထက်​ပို​၍​ပင်​ခိုင်​လုံ​၏။ ကိုယ်​တော်​သည်​သား တော်​၏​အ​ကြောင်း​သက်​သေ​ခံ​တော်​မူ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ