ရှင်ယောဟန် 4:9Common Language Bibleရှမာရိအမျိုးသမီးက ``သင်သည်ယုဒ အမျိုးသားတစ်ယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူကျွန်မထံမှသောက်ရေ ကိုအဘယ်ကြောင့်တောင်းပါသနည်း'' ဟုမေး၏။ (ဤသို့မေးရသည့်အကြောင်းမှာယုဒအမျိုး သားများသည် ရှမာရိအမျိုးသားတို့၏ခွက် ယောက်များကိုအသုံးပြုလေ့မရှိကြသော ကြောင့်ဖြစ်၏။) အခန်းကိုကြည့်ပါ။ |
ထိုအချိန်၌တပည့်တော်တို့ပြန်ရောက်လာ ကြ၏။ သူတို့သည်အမျိုးသမီးနှင့်ကိုယ်တော် စကားပြောလျက်နေသည်ကိုတွေ့ရသဖြင့် အံ့သြကြ၏။ သို့ရာတွင်အမျိုးသမီးအား ``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟူ၍လည်းကောင်း၊ ကိုယ်တော်အား ``အဘယ် ကြောင့်ထိုအမျိုးသမီးနှင့်စကားပြော လျက်နေတော်မူပါသနည်း'' ဟူ၍လည်း ကောင်းအဘယ်သူမှမမေးလျှောက်ကြ။
သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-