ရှင်ယောဟန် 4:43Common Language Bible``ပရောဖက်သည်မိမိနေရင်းပြည်ရွာ၌ ဂုဏ်အသရေမရှိ'' ဟုသခင်ယေရှုကိုယ် တော်တိုင်မိန့်တော်မူခဲ့ဖူးသည့်အတိုင်း နှစ် ရက်မျှကြာသော်ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲပြည်သို့ကြွတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည်ကတိတည်တော်မူသော အရှင်ဖြစ်ကြောင်းကိုပြသရန်၊ တစ်နည်းအား ဖြင့်ဘိုးဘေးတို့အားဘုရားသခင်ထားတော် မူသောကတိတော်ကိုအကောင်အထည်ဖော်ရန် ခရစ်တော်သည်ယုဒအမျိုးသားတို့၏အကျိုး ငှာဆောင်ရွက်တော်မူသည်ဟုငါဆို၏။ လူမျိုး ခြားတို့ပင်လျှင်ဘုရားသခင်၏ကရုဏာ တော်ကိုချီးကူးနိုင်ကြစေရန်အတွက်လည်း ဆောင်ရွက်တော်မူ၏။ ကျမ်းစာတော်တွင်၊ ``ထို့ကြောင့်အကျွန်ုပ်သည်လူမျိုးခြားတို့အထဲတွင် ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုပါမည်'' ဟုဖော်ပြပါရှိသည့်အတိုင်းပင်ဖြစ်ပေ သည်။-