ရှင်ယောဟန် 4:41Common Language Bibleကိုယ်တော်၏တရားတော်ကိုကြားနာကြရ သဖြင့် ကိုယ်တော်အားယုံကြည်လာကြသူ အမြောက်အမြားလည်းရှိ၏။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့ကရှမာရိအမျိုးသမီးအား ``ယခု ငါတို့သည်ကိုယ်တော်အားယုံကြည်လာကြ သည်မှာ သင့်စကားကြောင့်မဟုတ်။ ကိုယ်တော် ၏တရားတော်ကိုငါတို့ကိုယ်တိုင်ကြားနာ ကြရသောကြောင့်ဖြစ်၏။ ဤအရှင်ကား လောက၏ကယ်တင်ရှင်အစစ်အမှန်ပင် ဖြစ်တော်မူကြောင်းကိုငါတို့သိကြပြီ'' ဟုဆိုကြ၏။
သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
အသင်းတော်ဝင်တို့သည်ထိုကိုယ်စားလှယ်အဖွဲ့ အား မြို့ပြင်သို့ရောက်အောင်လိုက်ပို့ကြ၏။ ထို အဖွဲ့သည်ဖိနိတ်ပြည်နှင့်ရှမာရိပြည်တို့ကို ဖြတ်သွားစဉ် လူမျိုးခြားတို့ဘုရားသခင်ထံ သို့ပြောင်းလဲလာကြပုံကိုပြောပြကြသဖြင့် ညီအစ်ကိုအပေါင်းတို့သည်လွန်စွာဝမ်းမြောက် ကြ၏။-
ပေတရုနှင့်ယောဟန်တို့သည်သခင်ယေရှု အကြောင်းဆိုင်ရာ ကိုယ်တွေ့မျက်မြင်အဖြစ် အပျက်များကိုသက်သေခံလျက် သခင်ဘုရား ၏တရားတော်ကိုဟောပြောပြီးနောက် ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။ အပြန်လမ်း ခရီးတွင်များစွာသောရှမာရိရွာတို့၌ သတင်းကောင်းကို ဟောပြောကြေညာကြ၏။