`တစ်ဦးကားစိုက်၍နောက်တစ်ဦးကားရိတ်ရ၏' ဟူသောဆိုရိုးစကားသည်မှန်ကန်လျက်နေ သတည်း။-
ငါကြဲသောမျိုးစေ့၏ အသီးအနှံကို သူတပါး စားပါစေ။ ငါ့ပျိုးပင်များကို သူတပါးနှုတ်ပါစေ။
သင်တို့သည်ကောက်ပဲသီးနှံကိုစိုက်ပျိုးသော် လည်း အသီးအနှံကိုမရိတ်သိမ်းရ။ သင်တို့ သည်သံလွင်ဆီကြိတ်သော်လည်းဆီကိုမ သုံးရ။ စပျစ်သီးကိုနယ်သော်လည်းစပျစ် ရည်ကိုမသောက်ရ။-
အရှင်သည်ခက်ထန်သူဖြစ်သဖြင့်အရှင့် အားကျွန်ုပ်ကြောက်ရွံ့ပါ၏။ အရှင်သည်မိမိ မပိုင်သည့်အရာကိုသိမ်းယူတတ်ပါ၏။ မိမိ မစိုက်မပျိုးသည့်အသီးအနှံကိုရိတ်သိမ်း တတ်ပါ၏' ဟုလျှောက်၏။-
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ကိုယုံကြည်သူသည်ငါပြုသောအမှု တို့ကိုပြုလိမ့်မည်။ ထိုထက်ကြီးမြတ်သည့် အမှုများကိုပင်ပြုလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ငါသည်ခမည်းတော်ထံတော်သို့ သွားမည်ဖြစ်သောကြောင့်တည်း။-
ရိတ်သူသည်အခကိုခံယူ၍ထာဝရအသက် ဆိုင်ရာသီးနှံများကိုရိတ်သိမ်း၏။ သို့ဖြစ်၍ စိုက်သူနှင့်ရိတ်သူတို့သည် အတူတကွရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။-
သင်တို့မစိုက်မပျိုးသည့်လယ်မှအသီး အနှံများကိုရိတ်သိမ်းရန်သင်တို့အားငါ စေလွှတ်၏။ အခြားသောသူတို့ကစိုက်ပျိုး လုပ်ဆောင်ကြ၍ သင်တို့ကအကျိုးကိုခံစား ကြရ၏'' ဟုမိန့်တော်မူ၏။
ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။-