ရှင်ယောဟန် 4:34Common Language Bibleကိုယ်တော်က ``ငါ၏အစားအစာကားငါ့ကို စေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာ၍ ထိုအရှင်ပေးအပ်သည့်အမှုတော် ကိုပြီးစီးအောင်ဆောင်ရွက်ခြင်းပင်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။