Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 4:28

Common Language Bible

အ​မျိုး​သ​မီး​သည်​ရေ​အိုး​ကို​ထား​ခဲ့​၍​မြို့ ထဲ​သို့​သွား​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​နေ​မန်​သည်​မင်း ကြီး​ထံ​သို့​သွား​၍ သူ​ငယ်​မ​ပြော​သည့်​စ​ကား ကို​သံ​တော်​ဦး​တင်​၏။-

အ​မျိုး​သ​မီး​တို့​သည်​ကြောက်​လန့်​သော်​လည်း အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​သင်္ချိုင်း​ဂူ​မှ​အ​လျင် အ​မြန်​ထွက်​ခွာ​၍ တ​ပည့်​တော်​တို့​အား​ထို​သ​တင်း ကို​ပြော​ကြား​ရန်​ပြေး​ကြ​၏။

သူ​တို့​သည်​ချက်​ချင်း​ထ​၍​ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ကြ​၏။ ထို​အ​ရပ်​တွင်​တစ်​ကျိပ်​တစ်​ပါး​နှင့် အ​ခြား​တ​ပည့်​တော်​များ​သည်​စု​ရုံး​လျက်​နေ ကြ​သည်​ကို​တွေ့​ကြ​၏။-

သင်္ချိုင်း​တော်​မှ​မိ​မိ​တို့​အိမ်​သို့​ပြန်​ပြီး​လျှင်​တစ် ကျိပ်​တစ်​ပါး​နှင့်​တ​ပည့်​တော်​အ​ပေါင်း​တို့​အား ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​ပြော​ကြား ကြ​၏။-

ထို​အ​ချိန်​၌​တ​ပည့်​တော်​တို့​ပြန်​ရောက်​လာ ကြ​၏။ သူ​တို့​သည်​အ​မျိုး​သ​မီး​နှင့်​ကိုယ်​တော် စ​ကား​ပြော​လျက်​နေ​သည်​ကို​တွေ့​ရ​သ​ဖြင့် အံ့​သြ​ကြ​၏။ သို့​ရာ​တွင်​အ​မျိုး​သ​မီး​အား ``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​အား ``အ​ဘယ် ကြောင့်​ထို​အ​မျိုး​သ​မီး​နှင့်​စ​ကား​ပြော လျက်​နေ​တော်​မူ​ပါ​သ​နည်း'' ဟူ​၍​လည်း ကောင်း​အ​ဘယ်​သူ​မှ​မ​မေး​လျှောက်​ကြ။

``ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ပြ​သူ​ကို​လာ​၍​ကြည့်​ကြ ပါ။ သူ​သည်​ခ​ရစ်​တော်​ပင်​ဖြစ်​လိမ့်​မည်​လော'' ဟု​လူ​တို့​အား​ဆို​၏။-

ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည်​ရေ​ခပ်​ရန် ရောက်​ရှိ​လာ​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​အား သောက်​ရေ​တစ်​ခွက်​ပေး​ပါ'' ဟု​ထို​အ​မျိုး သ​မီး​အား​မိန့်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ