တစ်ဖန်မွေးဖွားခြင်းကိုခံရကြမည်ဟုငါ ဆိုသည်ကိုမအံ့သြနှင့်။-
လူသည်အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။
လောကနှင့်ဆိုင်သောအရာများကိုငါဖော်ပြ သောအခါ၌သင်တို့မယုံကြလျှင် ကောင်းကင် ဘုံနှင့်ဆိုင်သောအရာများကိုဖော်ပြသော အခါ၌ အဘယ်သို့လျှင်သင်တို့ယုံကြည် ကြမည်နည်း။-
သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား တစ်ဖန်မွေးဖွားခြင်းမခံရသူသည် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်'' ဟု မိန့်တော်မူ၏။
အသွေးအသားအားဖြင့်မွေးဖွားသူသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည်ဝိညာဉ်ဖြစ်၏။-
လေသည်မိမိတိုက်လိုရာသို့တိုက်တတ်၏။ လေ၏ အသံကိုကြားရသော်လည်းအဘယ်အရပ်မှ တိုက်လာသည်ကိုသော်လည်းကောင်း၊ အဘယ်အရပ် သို့တိုက်လိမ့်မည်ကိုသော်လည်းကောင်းမသိနိုင်။ ဝိညာဉ်တော်အားဖြင့်မွေးဖွားသူတိုင်းသည် လည်း ဤနည်းတူပင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။-
လူတိုင်းနှင့်ငြိမ်းချမ်းစွာနေနိုင်ရန်ကြိုးစား ကြလော့။ မြင့်မြတ်သန့်ရှင်းခြင်းပါရမီကို ရှာကြလော့။ ထိုပါရမီမရှိလျှင်အဘယ် သူမျှဘုရားသခင်ကိုဖူးမြင်ရလိမ့်မည် မဟုတ်။-
သင်တို့သည်သမ္မာတရားတော်ကိုလိုက်လျှောက် ကျင့်သုံးကြခြင်းအားဖြင့် မိမိတို့စိတ်နှလုံး ကိုသန့်စင်စေကြပြီးလျှင် အချင်းချင်းတစ် ယောက်ကိုတစ်ယောက်အကယ်ပင်ချစ်ကြလေ ပြီ။ သို့ဖြစ်၍သင်တို့အချင်းချင်းအား အစွမ်းရှိသမျှနှင့်ချစ်ကြလော့။-
သို့ရာတွင်အဘယ်ညစ်ညမ်းသည့်အရာမျှထို မြို့တွင်းသို့ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာ ဖွယ်သောအမှုကိုပြုသူ၊ လိမ်လည်ပြောဆိုသူ မှန်သမျှသည်လည်းဝင်ခွင့်ရလိမ့်မည်မဟုတ်။ သိုးသူငယ်တော်၏အသက်စာစောင်စာရင်း တွင်ပါသူများသာလျှင်ဝင်ရကြလိမ့်မည်။