ရှင်ယောဟန် 3:34Common Language Bibleဘုရားသခင်သည်မိမိစေလွှတ်တော်မူသောသူ အားဝိညာဉ်တော်ကိုအပြည့်အဝချပေးတော် မူသည်ဖြစ်၍ ထိုသူသည်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဖော်ပြတတ်၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါထာဝရဘုရားသည်မိုးတိမ်ဖြင့် ကြွဆင်းလာ၍ မောရှေနှင့်စကားပြောဆို၏။ ထာဝရဘုရားသည်မောရှေအားပေးအပ် ထားသောစွမ်းရည်အချို့ကိုယူ၍ ခေါင်းဆောင် ခုနစ်ဆယ်တို့အားပေးအပ်တော်မူ၏။ သူတို့ သည်စွမ်းရည်ကိုခံယူရရှိကြသောအခါ ပရောဖက်များကဲ့သို့ကြွေးကြော်ကြ၏။ သို့ ရာတွင်တစ်ကြိမ်မျှသာကြွေးကြော်ကြ၏။
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-