Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 3:31

Common Language Bible

ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် သည်​အ​လုံး​စုံ​တို့​ထက်​ကြီး​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​မှ​ပေါက်​ဖွား​သူ​သည်​ကမ္ဘာ​မြေ ကြီး​သား​ဖြစ်​၍ မြေ​ကြီး​နှင့်​ဆိုင်​သော အ​ကြောင်း​အ​ရာ​များ​ကို​ပြော​တတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။-

ကိုယ်​တော်​၏​အ​ကြောင်း​ကို​ယော​ဟန်​ဟော​ပြော​၏။ ယော​ဟန်​က ``ငါ​၏​နောက်​ကြွ​လာ​သူ​သည်​ငါ မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့်​ငါ့​ထက်​ကြီး မြတ်​သူ​ဖြစ်​သည်​ဟု​ငါ​သက်​သေ​ခံ​ခဲ့​သူ​ကား ဤ​အရှင်​ပင်​တည်း'' ဟု​ကြွေး​ကြော်​လေ​သည်။

ထို​အ​ရှင်​သည်​ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ သည်​သူ​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြည်​ထိုက်'' ဟု ဆို​၏။

`ငါ​မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့် ငါ့​ထက် ကြီး​မြတ်​သော​သူ​သည်​ငါ​၏​နောက်​တွင်​ကြွ လာ​လိမ့်​မည်' ဟု​ယ​ခင်​အ​ခါ​က​ငါ​ဖော်​ပြ ခဲ့​သူ​ကား​ထို​သူ​ပင်​တည်း။-

ထို​အ​ရှင်​သည်​တိုး​တက်​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ရ​မည်'' ဟု​ဆို​၏။

ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​သည့်​အ​သက် အာ​ဟာ​ရ​ဖြစ်​၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို​မှီ​ဝဲ​သူ သည်​အ​စဉ်​ထာ​ဝ​ရ​အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး မည့်​အ​စာ​အာ​ဟာ​ရ​သည် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​ပေး​သော​ငါ​၏​အ​သား ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​က ``သင်​တို့​သည်​အောက်​ဘုံ​သား​များ ဖြစ်​ကြ​၏။ ငါ​မူ​ကား​အ​ထက်​ဘုံ​မှ​လာ​၏။ သင်​တို့​သည်​ဤ​လော​က​သား​များ​ဖြစ်​ကြ​၏။ ငါ​မူ​ကား​ဤ​လော​က​သား​မ​ဟုတ်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပေး​ပို့​သော ဘု​ရား၊ လူ​ခပ်​သိမ်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော် မူ​သော​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကြေ​ညာ တော်​မူ​သည့်​ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​သိ​ကြ​၏။-

သူ​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဘိုး​ဘေး များ​မှ​ဆင်း​သက်​လာ​သူ​များ​တည်း။ ခ​ရစ် တော်​သည်​လူ့​ဇာ​တိ​အား​ဖြင့်​ထို​သူ​တို့​၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်​ပေ​သည်။ ခပ်​သိမ်း​သော အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​သော​ဘု​ရား သ​ခင်​သည်​ထာ​ဝ​စဉ်​မင်္ဂလာ​ရှိ​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။

ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​အ​တွက်​ဝတ်​ပြု ခြင်း​ဆိုင်​ရာ​ထုံး​နည်း​များ​နှင့်​လူ​တို့​တည် ဆောက်​သည့်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ရှိ​၏။-

ထို​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ ၍ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​လက်​ယာ​တော် ဘက်​တွင်​ရှိ​တော်​မူ​ပြီး​လျှင်​ကောင်း​ကင်​တ​မန် များ၊ ကောင်း​ကင်​အာ​ဏာ​ပိုင်​များ​နှင့်​တန်​ခိုး ရှင်​များ​ကို​အုပ်​စိုး​၍​နေ​တော်​မူ​၏။

မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​လော​က​နှင့်​ဆိုင်​သော သူ​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​လော​ကီ​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ လော​က​သား တို့​သည်​လည်း​သူ​တို့​၏​စ​ကား​ကို​နား​ထောင် ကြ​၏။-

ကိုယ်​တော်​၏​ဝတ်​လုံ​တော်​နှင့်​ပေါင်​တော်​တွင်``ဘု​ရင် တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်'' ဟူ​သော​အ​မည်​နာ​မ​တော်​ကို​ရေး​ထား​လျက် ရှိ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ