Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 21:23

Common Language Bible

သို့​ဖြစ်​၍​ထို​တ​ပည့်​တော်​သည်​သေ​ရ​တော့ မည်​မ​ဟုတ်​ဟူ​သော​သ​တင်း​သည်​တ​ပည့် တော်​တို့​အ​ထဲ​တွင်​ပျံ့​နှံ့​သွား​၏။ သို့​ရာ တွင်​သ​ခင်​ယေ​ရှု​က​ထို​တ​ပည့်​တော်​သည် မ​သေ​ရ​ဟု​မိန့်​တော်​မူ​သည်​မ​ဟုတ်။ ``ငါ ကြွ​လာ​သည်​အ​ထိ​သူ့​အား​အ​သက်​ရှင် စေ​ရန်​ငါ​အ​လို​ရှိ​လျှင်​သင်​နှင့်​မည်​သို့​မျှ မ​သက်​ဆိုင်'' ဟူ​၍​သာ​မိန့်​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။

ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။

ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည်​ရှေ့ တော်​၌ အ​မှု​မ​ထား​လောက်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​ကို​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​တို့​ကို​လည်း​ကောင်း စိုး​မိုး​အုပ်​ချုပ်​တော်​မူ​ပါ​၏။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​လို​တော်​ကို မ​ဆန့်​ကျင်​နိုင်​ပါ။ ကိုယ်​တော်​အ​ဘယ်​သို့​ပြု​တော်​မူ​သည်​ကို လည်း မ​စစ်​ဆေး​မ​မေး​မြန်း​နိုင်​ပါ။

လူ​သား​သည်​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို ဆောင်​လျက်​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လတ္တံ့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့ အား​မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လိမ့်​မည်။-

ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​တစ်​ရာ့​နှစ်​ဆယ် ခန့်​သော​တ​ပည့်​တော်​ညီ​အစ်​ကို​တို့​သည်​စု​ဝေး လျက်​ရှိ​ကြ​၏။ ထို​အ​ချိန်​၌​ပေ​တ​ရု​သည်​ထ​၍၊-

ထို​မြို့​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့​၍ သူ​တို့​က မိ​မိ​တို့​နှင့်​ခု​နစ်​ရက်​မျှ​နေ​ရန် တောင်း​ပန်​သည်​အ​တိုင်း​နေ​ပြီး​နောက် ရော​မ​မြို့​သို့​ခ​ရီး​ဆက်​ကြ​၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ထဲ​မှ​သင်​တို့​နှစ်​သက် သူ လူ​ခု​နစ်​ယောက်​ကို​ရွေး​ချယ်​ကြ​လော့။ ဤ တာ​ဝန်​ကို​ထမ်း​ဆောင်​စေ​ရန်​ထို​သူ​တို့​အား ငါ​တို့​ခန့်​ထား​မည်။ သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ဉာဏ်​ပ​ညာ​နှင့် လည်း​ကောင်း​ပြည့်​ဝ​လျက်​အ​သ​ရေ​ရှိ​သူ များ​ဖြစ်​ရ​မည်။-

သင်​တို့​သည်​ထို​မုန့်​ကို​စား​၍​ထို​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​သောက်​သည့်​အ​ခါ​တိုင်း​သ​ခင် ဘု​ရား​အ​သေ​ခံ​တော်​မူ​ကြောင်း​ကို​ကိုယ်​တော် ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင်​ကြေ​ညာ​ကြ​၏။-

သို့​ဖြစ်​၍​နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ရန် သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင် မည်​သူ့​ကို​မျှ​စီ​ရင်​မှု​မ​ပြု​နှင့်။ ကိုယ်​တော်​သည် လျှို့​ဝှက်​ချက်​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ လူ​တို့ ၏​စိတ်​နှ​လုံး​တွင်​ကွယ်​ဝှက်​နေ​သည့်​အ​ကြံ​အ​စည် များ​ကို​လည်း​ကောင်း​ထုတ်​ဖော်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​၏​ထံ​ခံ ထိုက်​သည့်​အ​ချီး​အ​မွမ်း​ကို​ခံ​ကြ​ရ​လတ္တံ့။

``ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထုတ်​ဖော်​မ​ပြ​သော​အ​ကြောင်း​အ​ရာ​များ ရှိ​၏။ သို့​ရာ​တွင်​ငါ​တို့​အား​ထုတ်​ဖော်​ပြ သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား ပ​ညတ် တ​ရား​တော်​ဖြစ်​သ​တည်း။ ငါ​တို့​နှင့်​ငါ တို့​၏​နောင်​လာ​နောင်​သား​တို့​သည် ထို ပ​ညတ်​တ​ရား​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​ထိန်း​ရ​ကြ​မည်။

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​သ​ခင် ဘု​ရား​ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ ၍​စောင့်​မျှော်​နေ​ကြ​လော့။ လယ်​သ​မား​သည်​မိ​မိ လယ်​ယာ​မှ​အ​ဖိုး​တန်​အ​သီး​အ​နှံ​များ​ထွက် နိုင်​ရန် မိုး​ဦး​နှင့်​မိုး​နှောင်း​ရွာ​ပြီး​သည့်​တိုင် အောင်​စောင့်​မျှော်​တတ်​၏။-

သင်​တို့​သည်​မိ​မိ​တို့​၏​လက်​ဝယ်​ရှိ​သည့် အ​ရာ​ကို​ငါ​လာ​သည်​တိုင်​အောင်​စွဲ​မြဲ စွာ​ကိုင်​ထား​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ