Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 20:13

Common Language Bible

ကောင်း​ကင်​တ​မန်​များ​က ``အ​ချင်း​အ​မျိုး သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သနည်း'' ဟု​မေး​၏။ မာ​ရိ​က ``ကျွန်​မ​၏​အ​ရှင်​ကို​သူ​တို့​ယူ​ဆောင် သွား​လေ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​မှာ ထား​ကြ​သည်​ကို​ကျွန်​မ​မ​သိ​ပါ'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။

``သင်​သည်​ငို​ကြွေး​မှု​ကို​ရပ်​စဲ​၍ မိ​မိ​မျက်​ရည်​များ​ကို​သုတ်​လော့။ သား​သ​မီး​များ​အ​တွက်​သင်​ပြု​ခဲ့​သည့်​အ​မှု အ​ပေါင်း​သည်​အ​ချည်း​နှီး​ဖြစ်​ရ​လိမ့်​မည် မ​ဟုတ်။ ထို​သူ​တို့​သည်​ရန်​သူ့​ပြည်​မှ​ပြန်​လာ​ကြ​လိမ့် မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို​၏။

ကိုယ်​တော်​က ``သင်​တို့​သည်​ခ​ရီး​သွား​စဉ် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး နေ​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​မျက်​နှာ​ညှိုး​ငယ်​စွာ​ဖြင့် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​၏။-

သ​ခင်​ယေ​ရှု​သည်​မယ်​တော်​နှင့်​မယ်​တော်​၏ အ​နီး​တွင်​ကိုယ်​တော်​ချစ်​တော်​မူ​သော​တ​ပည့် တော်​ရပ်​လျက်​နေ​သည်​ကို​တွေ့​မြင်​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​က ``မယ်​တော်၊ ဤ​မှာ မယ်​တော်​၏​သား'' ဟု​မြွက်​ဆို​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``မယ်​တော်၊ အ​ဘယ်​အ​မှု​ပြု ရ​မည်​ကို​အ​ကျွန်ုပ်​အား​မ​ပြော​ပါ​နှင့်။ အ​ကျွန်ုပ် လုပ်​ဆောင်​ရန်​အ​ချိန်​မ​ကျ​သေး​ပါ'' ဟု​မိန့်​တော် မူ​၏။

သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သ​နည်း။ သင်​မည် သူ့​ကို​ရှာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​အ​ခါ​မာ​ရိ​သည်​ကိုယ်​တော်​ကို​ဥ​ယျာဉ်​စောင့် ဟု​ထင်​မှတ်​ကာ ``ဆ​ရာ၊ ကိုယ်​တော်​၏​အ​လောင်း တော်​ကို​ရှင်​ယူ​ဆောင်​သွား​ခဲ့​ပါ​လျှင်​အ​ဘယ် အ​ရပ်​တွင်​ထား​သည်​ကို​ကျွန်​မ​အား​ပြော​ပြ​ပါ။ ကျွန်​မ​သွား​၍​ယူ​ပါ​မည်'' ဟု​ဆို​၏။

သူ​သည်​ရှိ​မုန်​ပေ​တ​ရု​နှင့်​သ​ခင်​ယေ​ရှု​ချစ် တော်​မူ​သော​တ​ပည့်​တော်​ထံ​သို့​ပြေး​သွား​ပြီး လျှင် ``သ​ခင်​ဘု​ရား​ကို​သင်္ချိုင်း​တော်​မှ​ယူ​ဆောင် သွား​ကြ​လေ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ပါ'' ဟု​ပြော​၏။

ထို​အ​ခါ​ပေါ​လု​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ငို​ယို​ကာ ငါ​၏​စိတ်​နှ​လုံး​ကို​ကြေ​ကွဲ​စေ ကြ​ပါ​သ​နည်း။ ငါ​သည်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ချည်​နှောင် ခံ​ရန်​သာ​မ​က​အ​သေ​ခံ​ရန်​ပင်​အ​သင့်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။

သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ