သခင်ယေရှုက ``ဤအိုးများတွင်ရေအပြည့် ထည့်ကြလော့'' ဟုအစေခံတို့အားမိန့်တော်မူ လျှင် သူတို့သည်အိုးနှုတ်ခမ်းအထိရေပြည့် အောင်ထည့်ကြ၏။-
ဧလိယကလည်း``မစိုးရိမ်နှင့်။ သင်တို့စားရန် အစားအစာကိုသာသွား၍ပြင်ဆင်ပါလော့။ သို့ရာတွင်ဦးစွာပထမငါ၏အတွက်မုန့် ပြားတစ်ချပ်ကိုလုပ်၍ယူခဲ့လော့။ နောက်မှ ကျန်ရှိသောမုန့်ညက်ဖြင့်သင်တို့သားအမိ အတွက်မုန့်ကိုလုပ်ပါလော့။-
စပျစ်ရည်ကုန်သွားသောအခါသခင်ယေရှု ၏မယ်တော်က ``ထိုသူတို့မှာစပျစ်ရည်မရှိ တော့ပါ'' ဟုကိုယ်တော်အားပြောကြား၏။
ထိုအခါမယ်တော်သည်အစေခံတို့အား ကိုယ် တော်စေခိုင်းသည့်အတိုင်းပြုကြရန်မှာကြား၏။
ထိုနေရာတွင် ရေနှစ်ထမ်းသုံးထမ်းခန့်စီဝင်သော ကျောက်အိုးကြီးခြောက်လုံးရှိ၏။ ယုဒမျိုးသား တို့၏ဘာသာဋ္ဌလေ့အရ သန့်စင်မှုကိုပြုရန် ထိုအိုးများကိုထားရှိခြင်းဖြစ်၏။-
ထိုနောက်ကိုယ်တော်က ``ဤအိုးများမှရေ အနည်းငယ်ကိုခပ်၍ပွဲအုပ်ထံယူသွားကြ လော့'' ဟုမိန့်တော်မူသည့်အတိုင်းအစေခံ တို့သည်ယူသွားကြ၏။-