Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 2:23

Common Language Bible

ယေ​ရု​ရှ​လင်​မြို့​တွင်​ကျင်း​ပ​သည့်​ပ​သ​ခါ​ပွဲ ၌ ကိုယ်​တော်​ပြ​တော်​မူ​သည့်​အံ့​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​တွေ့​မြင်​ရ​ကြ​သ​ဖြင့် လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​အား​ယုံ​ကြည် လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကျောက်​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ ယုံ​ကြည်​ခံ​ယူ​သူ​များ​ကို​ဆို​လို​သည်။ သို့​ရာ​တွင် သူ​တို့​၏​စိတ်​နှ​လုံး​တွင်​နှုတ်​က​ပတ်​တော်​သည် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​ယုံ​ကြည် လက်​ခံ​၏။ သို့​ရာ​တွင်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တွေ့ သော​အ​ခါ​သူ​တို့​သည်​ဖောက်​ပြန်​သူ​များ ဖြစ်​ကြ​၏။-

ထို​အ​ခါ​မာ​ရိ​ထံ​သို့​လာ​ကြ​သည့်​လူ အ​မြောက်​အ​မြား​ပင်​သ​ခင်​ယေ​ရှု​ပြု​တော် မူ​သော​အ​မှု​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​ကိုယ် တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။-

သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​တွင် ဤ​သို့​ဦး​စွာ​ပ​ထ​မ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ ဏာ​ကို​ပြ​တော်​မူ​လျက် မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။

ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​နီး​ကပ်​လာ သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ကြွ​တော်​မူ​၏။-

သူ​သည်​ညဥ့်​အ​ခါ​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``အ​ရှင်​ဘု​ရား၊ ဘု​ရား​သ​ခင်​အ​တူ​ပါ​ရှိ​တော် မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​ရှင်​ပြ​တော်​မူ​သော အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​မည် မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​သည်​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​ဆ​ရာ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏'' ဟု​လျှောက်​၏။

ရောက်​တော်​မူ​လျှင်​ဂါ​လိ​လဲ​ပြည်​သား​တို့ သည်​ကိုယ်​တော်​အား​ကြို​ဆို​လက်​ခံ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယေ​ရု​ရှ​လင်​မြို့ တွင်​ကျင်း​ပ​ခဲ့​သည့်​ပ​သ​ခါ​ပွဲ​တော်​သို့ သူ တို့​ကိုယ်​တိုင်​ရောက်​ခဲ့​ကြ​၍ ထို​ပွဲ​တော်​အ​တွင်း ၌​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ အ​ပေါင်း​ကို​တွေ့​မြင်​ခဲ့​ကြ​သော​ကြောင့်​တည်း။

သို့​ရာ​တွင်​ယော​ဟန်​၏​သက်​သေ​ခံ​ချက်​ထက် ကြီး​မြတ်​သည့်​သက်​သေ​ခံ​ချက်​ငါ့​မှာ​ရှိ​၏။ ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​သ​ဖြင့် ယ​ခု​ငါ လုပ်​ဆောင်​လျက်​ရှိ​သည့်​အ​မှု​အ​ရာ​များ​က​ပင် ငါ့​ကို​ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။-

ဤ​သို့​ကိုယ်​တော်​ပြ​တော်​မူ​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​ကြ​ရ​သော​သူ​တို့​က ``ဤ​သူ​ကား​လော​က​သို့​ကြွ​လာ​တော်​မူ​မည် ဟု​ဆို​သော​ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​၏'' ဟု ဆို​ကြ​၏။-

သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-

ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ကိုယ်​တော်​ကို သက်​ဝင်​ယုံ​ကြည်​လာ​ကြ​ပြီး​လျှင် ``မေ​ရှိ​ယ အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ ဤ​အ​ရှင် ပြ​သည်​ထက်​ပို​မို​များ​ပြား​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​မည်​လော'' ဟု​ဆို​ကြ​၏။

ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။

ကိုယ်​တော်​၏​ပ​ညတ်​တော်​ဟူ​မူ​ကား​ငါ​တို့ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ရ​ကြ​မည်။ ထို​အ​ရှင်​မိန့်​တော်​မူ သည်​အ​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို တစ်​ယောက်​ချစ်​ရ​ကြ​မည်​ဟူ​၍​ဖြစ်​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ