Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 2:13

Common Language Bible

ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​နီး​ကပ်​လာ သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ကြွ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

လွန်​စွာ​အ​မျက်​ထွက်​ပြီး​လျှင်​တော​ဘိ​၏ ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို​ပစ်​ထုတ်​လိုက်​၏။-

သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​စား​ပွဲ များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​တို့​၏​ထိုင်​ခုံ​များ​ကို မှောက်​လှန်​ပစ်​တော်​မူ​၏။-

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ရောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ဗိ​မာန်​တော် သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏ စား​ပွဲ​များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​များ​၏​ထိုင်​ခုံ​များ ကို​မှောက်​လှန်​ပစ်​တော်​မူ​၏။-

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​၏။ ကိုယ်​တော်​က `ငါ​၏​အိမ်​တော်​ကို ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ် လတ္တံ့' ဟု​ကျမ်း​စာ​လာ​သည်​မ​ဟုတ်​လော။ သို့ ရာ​တွင်​သင်​တို့​သည်​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ'' ဟု​ဆို​၍​ဗိ​မာန် တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။

သူ​ငယ်​တော်​၏​မိ​ဘ​တို့​သည်​နှစ်​စဉ်​ပ​သ​ခါ ပွဲ​တော်​ခံ​ချိန်​၌ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လေ့ ရှိ​ကြ​၏။-

ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​တော်​အ​ခါ နီး​ကပ်​လာ​ပြီ​ဖြစ်​၍ ကျေး​လက်​တော​ရွာ​များ မှ​လူ​အ​များ​ပင်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရန် ပွဲ​တော်​မ​စ​မီ​ယေ​ရု​ရှ​လင်​မြို့​သို့​တက်​လာ ကြ​၏။-

အ​ခါ​ကား​ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ​တစ်​ရက် ဖြစ်​၏။ သ​ခင်​ယေ​ရှု​သည်​ဤ​လော​က​မှ​ထွက် ခွာ​၍ ခ​မည်း​တော်​ထံ​သို့​ကြွ​တော်​မူ​ရ​မည့် အ​ချိန်​ကျ​ရောက်​လာ​ကြောင်း​ကို​သိ​တော်​မူ ၏။ ကိုယ်​တော်​သည်​ဤ​လော​က​ရှိ​မိ​မိ​၏​တပည့် သား​ရင်း​များ​ကို​အ​စဉ်​ပင်​ချစ်​တော်​မူ​၏။ သူ​တို့​အား​ဆုံး​ခန်း​တိုင်​အောင်​ချစ်​တော် မူ​ပေ​သည်။

ယေ​ရု​ရှ​လင်​မြို့​တွင်​ကျင်း​ပ​သည့်​ပ​သ​ခါ​ပွဲ ၌ ကိုယ်​တော်​ပြ​တော်​မူ​သည့်​အံ့​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​တွေ့​မြင်​ရ​ကြ​သ​ဖြင့် လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​အား​ယုံ​ကြည် လာ​ကြ​၏။-

ထို​နောက်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး ပွဲ​တော်​ရှိ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​တော်​မူ​၏။-

ယု​ဒ​အ​မျိုး​သား​တို့​၏​ပွဲ​တော်​ဖြစ်​သော ပ​သ​ခါ​ပွဲ​ကျ​ရောက်​ရန်​အ​ခါ​ကား​နီး ပေ​ပြီ။-

``သင်​တို့​၏​လူ​မျိုး​ထဲ​မှ​ယောကျာ်း​အား​လုံး တို့​သည်​ပ​သ​ခါ​ပွဲ၊ ကောက်​သိမ်း​ပွဲ​နှင့်​သစ်​သီး သိမ်း​ပွဲ​ကျင်း​ပ​ရန်​တစ်​ခု​တည်း​သော​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ တစ်​နှစ်​လျှင်​သုံး​ကြိမ်​လာ ရောက်​လျက်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့် အ​မျှ လူ​တိုင်း​ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင် ခဲ့​ရ​မည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ