ရှင်ယောဟန် 19:9Common Language Bibleသို့ဖြစ်၍အိမ်တော်ထဲသို့ပြန်ဝင်ပြီးနောက် သခင်ယေရှုအား ``သင်သည်အဘယ်မှလာ သနည်း'' ဟုမေး၏။ သို့ရာတွင်သခင်ယေရှုသည်မည်သို့မျှ ဖြေကြားတော်မမူ။- အခန်းကိုကြည့်ပါ။ |
ပိလတ်မင်းက ``သို့ဖြစ်လျှင်သင်သည်ရှင် ဘုရင်လော'' ဟုမေး၏။ သခင်ယေရှုက ``ငါသည်သင်ဆိုသည့်အတိုင်း ရှင်ဘုရင်ဖြစ်၏။ ငါသည်သမ္မာတရားကိုဟော ပြောခြင်းငှာမွေးဖွားခြင်းကိုခံ၍ဤလောက သို့ကြွလာ၏။ သမ္မာတရားနှင့်သက်ဆိုင်သူမှန် သမျှသည် ငါ၏စကားကိုနားထောင်ကြသည်'' ဟုမိန့်တော်မူ၏။-
သခင်ယေရှုက ``ငါသည်ကိုယ့်အကြောင်းကို သက်သေခံသော်လည်းငါ၏သက်သေခံချက် သည်ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော်ငါသည် အဘယ်အရပ်မှလာ၍အဘယ်အရပ်သို့ သွားမည်ကိုငါသိသောကြောင့်တည်း။ သင်တို့ မူကားငါအဘယ်အရပ်မှလာသည်ကို လည်းကောင်း၊ အဘယ်အရပ်သို့သွားမည်ကို လည်းကောင်းမသိကြ။-
သင်တို့သည်ရန်သူများကိုမကြောက်ကြနှင့်။ အခါခပ်သိမ်းရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူတို့ရှုံးနိမ့်မည်ဖြစ်ကြောင်းနှင့်သင်တို့ အောင်မြင်မည်ဖြစ်ကြောင်းကိုရန်သူများအား သက်သေပြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အားအောင်ပွဲခံစေတော်မူသောအရှင် ကား ဘုရားသခင်ပင်ဖြစ်တော်မူသောကြောင့် တည်း။-
ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။-