ထို့ကြောင့်စစ်သားများသည်လာ၍သခင်ယေရှု နှင့်အတူလက်ဝါးကပ်တိုင်တွင်အတင်ခံရသော ပထမလူ၏ခြေများကိုချိုးပြီးလျှင် အခြား တစ်ယောက်၏ခြေများကိုလည်းချိုးကြ၏။-
ထိုအရပ်မှာကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။ ကိုယ်တော်နှင့်အတူအခြား သူနှစ်ယောက်ကိုလည်းကိုယ်တော်၏လက်ယာ ဘက်တွင်တစ်ယောက် လက်ဝဲဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။ ကိုယ်တော်ကိုမူကားအလယ်တွင်ထား သတည်း။-
ကိုယ်တော်ထံသို့ရောက်ကြသောအခါအသက် ချုပ်တော်မူပြီးကြောင်းကိုတွေ့ရှိသဖြင့် ခြေ တော်တို့ကိုမချိုးကြတော့ချေ။-