Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 19:27

Common Language Bible

ထို​နောက်​တ​ပည့်​တော်​အား ``ဤ​မှာ​သင်​၏ အ​မိ'' ဟု​မိန့်​မြွက်​တော်​မူ​၏။ ထို​အ​ခါ​မှ စ​၍​ထို​တ​ပည့်​တော်​သည်​မယ်​တော်​အား မိ​မိ​၏​အိမ်​တွင်​ပြု​စု​စောင့်​ရှောက်​ထား​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့ စေ​လွှတ်​လိုက်​ခြင်း​မ​ဟုတ်၊ ဘု​ရား​သ​ခင်​က​စေ လွှတ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သည်။ ဘု​ရား​သ​ခင် သည်​ကျွန်ုပ်​ကို​ဤ​တိုင်း​ပြည်​၏​ဘုရင်​ခံ​အ​ရာ​၌ ခန့်​ထား​တော်​မူ​ပြီ။ ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည် တစ်​ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သူ​ဖြစ်​၏။

ယော​သပ်​သည်​အ​ဖ​နှင့်​အစ်​ကို​များ​အ​ပါ အ​ဝင် ယာ​ကုပ်​၏​မိ​သား​စု​အား​လုံး​တို့ အား​စား​နပ်​ရိက္ခာ​ထောက်​ပံ့​လေ​၏။

ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန်​သင် တို့​အား​ငါ​ဆို​သည်​ကား၊ ဤ​ငါ​၏​ညီ​များ​အ​နက် အ​သိမ်​ငယ်​ဆုံး​ဖြစ်​သူ​တစ်​စုံ​တစ်​ယောက်​အား သင်​တို့​ပြု​စု​ခဲ့​သ​မျှ​သည်​ငါ့​အား​ပြု​စု​ခြင်း ပင်​မည်​၏' ဟု​မိန့်​တော်​မူ​လိမ့်​မည်။

ထို​နောက်​မိ​မိ​ပတ်​လည်​တွင်​ထိုင်​နေ​သူ​များ​ကို ကြည့်​တော်​မူ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ​များ​ကား ဤ​သူ​တို့​တည်း။-

ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အိုး​အိမ်​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။

ကိုယ်​တော်​သည်​မိ​မိ​နေ​ရင်း​ပြည်​သို့​ကြွ​တော်​မူ သော်​လည်း မိ​မိ​၏​ပြည်​သား​များ​က​လက်​မ​ခံ ကြ။-

သင်​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး​သီး​ထွက် ပြေး​သွား​ကြ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​လည်း​အ​ထီး​တည်း​ကျန်​ရစ်​လိမ့် မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ​ရောက်​လျက် ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ငါ​သည်​အ​ကယ်​ပင် အ​ထီး​တည်း​နေ​သည်​မ​ဟုတ်။-

ထို​နောက်​တစ်​ဦး​နှင့်​တစ်​ဦး​နှုတ်​ဆက်​ပြီး​လျှင် ကျွန်ုပ်​တို့​သည်​သင်္ဘော​ပေါ်​သို့​တက်​၍​သူ​တို့ သည်​မိ​မိ​တို့​အိမ်​သို့​ပြန်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ