သို့ဖြစ်၍သခင်ယေရှုက ``သင်တို့မည်သူ့ ကိုရှာသနည်း'' ဟုတစ်ဖန်မေးတော်မူပြန်၏။ သူတို့ကလည်း ``နာဇရက်မြို့သားယေရှု ကိုရှာပါသည်'' ဟုဆိုကြပြန်၏။
နာဇရက်နာမည်တွင်သောမြို့တွင်နေထိုင်လေ၏။ သို့ဖြစ်၍ ``ကိုယ်တော်အားနာဇရက်မြို့သားဟု ခေါ်ဝေါ်ကြလတ္တံ့'' ဟူသောပရောဖက်များ၏ ဟောကြားချက်မှန်ကန်၍လာသတည်း။
သခင်ယေရှုသည်မိမိကြုံတွေ့ရမည့်အမှု အရာအလုံးစုံတို့ကိုသိတော်မူပြီးဖြစ်သည် အလျောက် ထိုသူတို့၏ထံသို့ကြွတော်မူလျက် ``သင်တို့မည်သူ့ကိုရှာကြသနည်း'' ဟုမေး တော်မူ၏။
``ငါသည်ထိုသူပင်ဖြစ်၏'' ဟုသခင်ယေရှု မိန့်တော်မူသောအခါသူတို့သည်နောက်သို့ ဆုတ်ကာမြေပေါ်တွင်လဲကြ၏။-
သခင်ယေရှုက ``ထိုသူသည်ငါပင်ဖြစ်သည် ဟုသင်တို့အားငါပြောခဲ့ပြီ။ ငါသည်သင်တို့ ရှာသောသူဖြစ်လျှင်ဤသူတို့သွားပါလေ စေ'' ဟုမိန့်တော်မူ၏။-