Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 18:38

Common Language Bible

ပိ​လတ်​မင်း​က ``သမ္မာ​တ​ရား​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ ထို​နောက်​ပိ​လတ်​မင်း​သည်​လူ​တို့​ထံ​ထွက်​လာ​ပြီး လျှင် ``ထို​သူ​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ပိ​လတ်​မင်း​သည်​မိ​မိ​ရှေ့​ဆက်​လက်​ပြော​ဆို​ရန် မ​ဖြစ်၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည့်​အ​ရိပ်​အ​ရောင် ကို​သာ​သိ​မြင်​လာ​သ​ဖြင့်​ရေ​ကို​ယူ​၍ ``ဤ​သူ သေ​ရ​ခြင်း​မှာ​ငါ​၏​တာ​ဝန်​မ​ဟုတ်၊ သင်​တို့​၏ တာ​ဝန်​သာ​ဖြစ်​သည်'' ဟု​ဆို​ကာ​လူ​တို့​ရှေ့​တွင် မိ​မိ​၏​လက်​ကို​ဆေး​၏။

ပိ​လတ်​မင်း​က ``အ​ဘယ်​ကြောင့်​နည်း။ သူ​သည် အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​ပါ'' ဟု​ပို​၍​ပင်​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။

ထို​နောက်​ပိ​လတ်​မင်း​က ``ဤ​သူ​အား​စွဲ​ချက် တင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​လူ​အ​ပေါင်း တို့​အား​ဆို​၏။

ပိ​လတ်​မင်း​သည်​အိမ်​တော်​ထဲ​သို့​ပြန်​၍​ဝင် ပြီး​လျှင်​သ​ခင်​ယေ​ရှု​အား​ခေါ်​ယူ​ကာ ``သင် သည်​ယု​ဒ​ရှင်​ဘု​ရင်​ပေ​လော'' ဟု​မေး​၏။

ပိ​လတ်​မင်း​သည်​အ​ပြင်​သို့​တစ်​ဖန်​ထွက်​ပြီး လျှင်​ပ​ရိ​သတ်​တို့​အား ``ထို​သူ​ကို​သေ​ဒဏ်​ပေး နိုင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့ ကြောင်း သင်​တို့​သိ​ရှိ​ကြ​စေ​ရန်​သူ့​အား​သင် တို့​ထံ​သို့​ငါ​ထုတ်​ခဲ့​မည်'' ဟု​ဆို​၏။-

ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​အ​စောင့်​တပ်​သား များ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ``သူ့​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ။ သူ့​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု ဟစ်​အော်​ကြ​၏။ ပိ​လတ်​မင်း​က ``သင်​တို့​ပင်​သူ့​ကို​ခေါ်​ဆောင် ပြီး​လျှင်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် ကြ​လော့။ သူ့​ကို​သေ​ဒဏ်​ပေး​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ဆို​၏။-

သူ​သေ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း ကို​ကြား​သော​အ​ခါ လူ​အ​ချို့​တို့​သည်​ပြောင် လှောင်​ကြ​၏။ သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​က မူ ``သင်​ပြော​ဆို​နေ​သည့်​အ​ကြောင်း​အ​ရာ​ကို ငါ​တို့​တစ်​ဖန်​ကြား​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။-

အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​စင်​သည့်​သိုး​သူ​ငယ် နှင့်​တူ​သော​ခ​ရစ်​တော်​၏​အ​သက်​တော်​ကို တင်​လှူ​ပူ​ဇော်​ခြင်း​ဖြစ်​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ