Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 18:36

Common Language Bible

သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ထက်​ဖော်​ပြ​ပါ​ဘု​ရင်​များ​နန်း​စံ​လျက် နေ​ချိန်​၌​ပင်​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​အ​ခါ​မျှ​မ​ပျက်​စီး နိုင်​သည့် နိုင်​ငံ​တစ်​ခု​ကို​တည်​ထောင်​တော်​မူ ပါ​လိမ့်​မည်။ ထို​နိုင်​ငံ​ကို​အ​ဘယ်​အခါ​၌ မျှ​နှိမ်​နင်း​၍​ရ​မည်​မ​ဟုတ်​ပါ။ ယင်း​သည် အ​ခြား​နိုင်​ငံ​ရှိ​သ​မျှ​ကို​ဖြို​ခွင်း​ပြီး နောက် အ​စဉ်​အ​မြဲ​တည်​ပါ​လိမ့်​မည်။-

ထို​အ​ခါ​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​ဟူ​သ​မျှ​သည်​သူ​၏​အ​မှု​ကို​ထမ်း​ရွက်​စေ​ခြင်း​ငှာ​ကိုယ်​တော်​သည်​သူ့​အား​စိုး​ပိုင်​ခွင့်​နှင့်​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​၏။ သူ​၏​အာ​ဏာ​စက်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​မြဲ​၍ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း​ရ​လိမ့်​မည်​မ​ဟုတ်။

ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။ အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်း စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။

ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။-

ကိုယ်​တော်​က ``အ​ချင်း​လူ၊ အ​ဘယ်​သူ​သည်​ငါ့​ကို သင်​တို့​၏​တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မွေ​ခွဲ​ဝေ​သူ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား သ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-

ပိ​လတ်​မင်း​က ``သင်​သည်​ငါ့​ကို​ယု​ဒ​အ​မျိုး သား​တစ်​ယောက်​ဟု​ထင်​မှတ်​ပါ​သ​လော။ သင့် ကို​ငါ့​ထံ​သို့​ပို့​အပ်​လာ​သူ​များ​ကား​သင်​၏ အ​မျိုး​သား​များ​နှင့်​သူ​တို့​၏​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ပင်​ဖြစ်​၏။ သင်​သည်​အ​ဘယ်​အ​မှု ကို​ပြု​မိ​ပါ​သ​နည်း'' ဟု​မေး​၏။

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။

သင်​တို့​သည်​လူ့​စံ​နှုန်း​အ​ရ​စစ်​ဆေး​စီ​ရင် တတ်​ကြ​၏။ ငါ​မူ​ကား​မည်​သူ့​ကို​မျှ​မ​စစ် ဆေး​မ​စီ​ရင်​ပြီ။-

ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။-

အ​ရာ​ခပ်​သိမ်း​တို့​ကို​အ​သက်​ရှင်​စေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​မင်း​၏​ရှေ့​တွင်​မိ​မိ ၏​ယုံ​ကြည်​ချက်​ကို​ခိုင်​မာ​စွာ​ဖော်​ပြ​တော် မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက် ၌​လည်း​ကောင်း သင့်​အား​ဤ​အ​လုပ်​တာ​ဝန် ကို​ဆောင်​ရွက်​ရန်​ငါ​ပညတ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ