ရှင်ယောဟန် 18:28Common Language Bibleလူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-