ရှိမုန်ပေတရုသည်ရပ်လျက်မီးလှုံနေ၏။ လူ အချို့က ``သင်သည်လည်းထိုသူ၏တပည့် မဟုတ်ပါလော'' ဟုမေးကြ၏။ ပေတရုက ``ငါမဟုတ်'' ဟုငြင်းဆို၏။
စာရာသည်ကြောက်ရွံ့သဖြင့်``ကျွန်မ၊ မရယ် ပါ'' ဟုဆိုလေ၏။ ကိုယ်တော်က``သင်အမှန်ပင်ရယ်သည်'' ဟု မိန့်တော်မူ၏။
လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
ပေတရုသည်အပြင်ဖက်ကျောင်းတော်ဝင်းအတွင်း ၌ထိုင်လျက်နေစဉ်အစေခံမကလေးတစ်ယောက် သည်ရောက်လာ၍ `သင်သည်လည်းဂါလိလဲပြည်သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်'' ဟုဆို၏။
ပေတရုသည်ကျောင်းတော်ဝင်းအတွင်း၌ရှိနေ စဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမကလေး တစ်ယောက်သည်ရောက်ရှိလာ၏။-
လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။-
ထိုသို့ပေတရုထိုင်နေသည်ကိုအစေခံမ ကလေးတစ်ယောက်မြင်သဖြင့်ပေတရုအား စိုက်ကြည့်ပြီးလျှင် ``ဤသူသည်ယေရှုနှင့် အပေါင်းအပါဖြစ်၏'' ဟုဆို၏။
သို့ရာတွင်ပေတရုက ``အချင်းအမျိုးသမီး၊ ထိုသူကိုငါမသိ'' ဟုငြင်းဆိုလေ၏။