Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 17:10

Common Language Bible

အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ​၍ ကိုယ်​တော်​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​အ​ကျွန်ုပ်​ပိုင်​ပါ​၏။ ထို​အ​ရာ​များ​အား​ဖြင့်​အ​ကျွန်ုပ်​၏​ဘုန်း အ​သ​ရေ​ထွန်း​တောက်​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ခ​မည်း​တော်​နှင့်​ငါ​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​က ``ဤ​ရော​ဂါ​သည်​သေ​စေ​မည့် ရော​ဂါ​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ ရေ​တော်​ကို​ထွန်း​တောက်​စေ​မည့်​ရော​ဂါ​ဖြစ်​၏။ ထို​ရော​ဂါ​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား တော်​သည်​လည်း​ဘုန်း​အ​သ​ရေ​ထွန်း​တောက် အံ့'' ဟု​မိန့်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``လူ​သား​ဘုန်း​အ​သ​ရေ​ပွင့် မည့်​အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။-

သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။

ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ဧ​ဖက်​မြို့ တွင်​နေ​ထိုင်​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့် ဂ​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ ၏။ သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​လျက် သ​ခင် ယေ​ရှု​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။-

ထို့​ကြောင့်​သူ​တို့​သည်​ငါ့​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ပေ သည်။

ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။-

လူ့​ဇာ​တိ​အ​ဖြစ်​နှင့်​လော​က​တွင်​သက်​တော် ထင်​ရှား​ရှိ​တော်​မူ​စဉ်​အ​ခါ​က ခ​ရစ်​တော်​၌ ဘု​ရား​ဇာ​တိ​တော်​အ​ပြည့်​အ​ဝ​ကိန်း​အောင်း တော်​မူ​ပေ​သည်။-

ဤ​နည်း​အား​ဖြင့်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ၏​နာ​မ​တော်​သည်​သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​လိမ့်​မည်။ သင် တို့​သည်​လည်း​ကိုယ်​တော်​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ကြ​လိမ့်​မည်။ ငါ တို့​၏​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ဤ​သို့ ဖြစ်​ပါ​စေ​သော။

သို့​ရာ​တွင်​သင်​တို့​သည်​အ​ရွေး​ခံ​လူ​မျိုး​ဖြစ် ၏။ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ၊ သန့်​ရှင်း​မြင့် မြတ်​သည့်​လူ​မျိုး၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ သော​လူ​မျိုး​ဖြစ်​ကြ​၏။ ယင်း​သို့​ရွေး​ချယ်​တော် မူ​ခြင်း​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​ပြု​တော် မူ​သော​အံ့​ဖွယ်​ကောင်း​သည့်​အ​မှု​အ​ရာ​များ ကို​ဖော်​ပြ​ကြေ​ညာ​နိုင်​စေ​ခြင်း၊ ဘု​ရား​သ​ခင် သည်​သင်​တို့​အား​အ​မှောင်​ထဲ​မှ​အံ့​ဖွယ်​ရာ အ​လင်း​ထဲ​သို့​ခေါ်​ယူ​တော်​မူ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ