ရှင်ယောဟန် 17:1Common Language Bibleဤသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်လျက် ``အို အဖ၊ အချိန် ကျပါပြီ။ သားတော်သည်ကိုယ်တော်၏ဘုန်း အသရေတော်ကိုထွန်းတောက်စေနိုင်ရန် သား တော်၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူပါ။- အခန်းကိုကြည့်ပါ။ |
အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-