Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 16:30

Common Language Bible

ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ တော်​မူ​ကြောင်း ယ​ခု​အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မေး​လျှောက်​ရန် မ​လို​တော့​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​ထံ​တော်​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် ဖြစ်​သည် ကို​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား​သည်​အ​ရှင်​အား​ဖြင့်​ဗျာ​ဒိတ် ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ယ​ခု ကျွန်​မ​သိ​ပါ​ပြီ'' ဟု​ပြန်​ပြော​လေ​၏။

တ​ပည့်​တော်​အ​ချို့​တို့​က ``အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်။ ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့​မြင်​ကြ​လိမ့်​မည်' ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်။ ထို​မှ​တစ်​ပါး​လည်း ကိုယ်​တော်​က`ငါ​သည်​ခ​မည်း​တော်​ထံ​သို့​သွား ရ​မည်' ဟု​လည်း​ဆို​သည်။-

``ထို​နေ့​၌​သင်​တို့​သည်​ငါ့​အား​အ​ဘယ်​အ​ရာ ကို​မျှ​တောင်း​လျှောက်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည် ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​တောင်း​လျှောက် သ​မျှ​သော​အ​ရာ​တို့​ကို​ခ​မည်း​တော်​သည်​သင် တို့​အား​ချ​ပေး​တော်​မူ​လိမ့်​မည်။-

ထို​ကာ​လ​၌​သင်​တို့​သည် ငါ​၏​နာ​မ​ကို​အ​မှီ ပြု​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လိမ့်​မည်။ သို့ သော်​ငါ​သည်​သင်​တို့​အ​တွက် ခ​မည်း​တော်​ထံ တွင်​တောင်း​လျှောက်​ပေး​မည်​ဟု​ငါ​မ​ဆို။-

သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​ယုံ​ကြ​ပြီ​လော။-

အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​သော​တ​ရား တော်​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား​ပေး​အပ်​သော အ​ခါ​သူ​တို့​ခံ​ယူ​ကြ​ပါ​၏။ ကိုယ်​တော်​၏​ထံ တော်​မှ​အ​ကျွန်ုပ်​လာ​သည်​မှာ အ​မှန်​ပင်​ဖြစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​အ​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​သူ​တို့ ယုံ​ကြည်​ကြ​ပါ​၏။''

သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​တွင် ဤ​သို့​ဦး​စွာ​ပ​ထ​မ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ ဏာ​ကို​ပြ​တော်​မူ​လျက် မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။

တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။-

ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် မိ​မိ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​များ ကို​သား​တော်​အား​ပြ​သ​တော်​မူ​၏။ ဤ​အ​မှု အ​ရာ​များ​ထက်​ပင်​ကြီး​စွာ​သော​အ​မှု​အ​ရာ များ​ကို​ပြု​ရန် ခ​မည်း​တော်​သည်​သား​တော်​အား ပြ​သ​ပေး​မည်​ဖြစ်​၍​သင်​တို့​သည်​အံ့​သြ ကြ​လိမ့်​မည်။-

သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ဖ​ဖြစ်​ပါ​မူ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ​လိမ့် မည်။ ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ​၍ ယ​ခု​ဤ​အ​ရပ်​သို့​ရောက်​ရှိ​နေ​၏။ ကိုယ်​ပိုင် အ​ခွင့်​အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ကိုယ် တော်​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-

ဘု​ရား​သ​ခင်​၏​မျက်​မှောက်​၌​မ​ထင်​ရှား​သော အ​ရာ​ဟူ​၍​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ။ ဖန်​ဆင်း တော်​မူ​သော​အ​ရာ​ခပ်​သိမ်း​သည်​မျက်​မှောက် တော်​၌​ထင်​ရှား​လျက်​ရှိ​၏။ ငါ​တို့​အား​လုံး သည်​မိ​မိ​တို့​ပြု​သ​မျှ​အ​တွက် ကိုယ်​တော်​၏ စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ