Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 16:17

Common Language Bible

တ​ပည့်​တော်​အ​ချို့​တို့​က ``အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်။ ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့​မြင်​ကြ​လိမ့်​မည်' ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်။ ထို​မှ​တစ်​ပါး​လည်း ကိုယ်​တော်​က`ငါ​သည်​ခ​မည်း​တော်​ထံ​သို့​သွား ရ​မည်' ဟု​လည်း​ဆို​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ဤ​အ​မိန့်​ကို​လိုက်​နာ​ကြ​သော်​လည်း ``သေ​ခြင်း​မှ​ထ​မြောက်​သည်​ဆို​သည်​ကား​အ​ဘယ် နည်း'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​လျက်​နေ​ကြ​၏။-

တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​လည်​ကြ။ သို့​ရာ​တွင်​ကိုယ်​တော်​အား​မ​မေး မ​လျှောက်​ဝံ့​ကြ။

သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏ စ​ကား​တစ်​ခွန်း​ကို​မျှ​နား​မ​လည်​ကြ။ ထို စ​ကား​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​သည်​ကွယ်​ဝှက် လျက်​နေ​သ​ဖြင့် ကိုယ်​တော်​၏​မိန့်​တော်​မူ​ချက် ကို​နား​မ​လည်​ကြ။

သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​စ​ကား​ကို နား​မ​လည်​ကြ။ ယင်း​သို့​နား​မ​လည်​ကြ​စေ​ရန် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကွယ်​ဝှက်​လျက်​ရှိ​သ​တည်း။ သူ တို့​သည်​လည်း​ကိုယ်​တော်​အား​မ​မေး​မ​လျှောက် ဝံ့​ကြ။

တ​ပည့်​တော်​တို့​သည်​ထို​စဉ်​အ​ခါ​က​ဤ ကျမ်း​ချက်​ကို​နား​မ​လည်​ကြ။ သ​ခင်​ယေ​ရှု ဘုန်း​အ​သ​ရေ​ပွင့်​တော်​မူ​သော​အ​ခါ​ကျ​မှ ဤ​ကျမ်း​ချက်​ကား​ကိုယ်​တော်​၏​အ​ကြောင်း ဖော်​ပြ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏ အ​တွက်​ထို​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ပြန်​လည်​သ​တိ​ရ​ကြ​၏။

(ရှ​ကာ​ရုတ်​မ​ဟုတ်​သူ) အ​ခြား​ယု​ဒ​က``သ​ခင်၊ လော​က​သား​တို့​အား​မိ​မိ​ကိုယ်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မ​မူ​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့​ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​မည် နည်း'' ဟု​မေး​လျှောက်​၏။

သော​မ​က ``သ​ခင်၊ အ​ရှင်​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ အ​ဘယ် သို့​လျှင်​ခ​ရီး​လမ်း​ကို​အ​ကျွန်ုပ်​တို့​သိ​နိုင် ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။

``သင်​တို့​၏​ယုံ​ကြည်​ခြင်း​မ​ပျက်​ပြား​စေ​ရန် ဤ​အ​မှု​အ​ရာ​များ​ကို​ငါ​ကြို​တင်​ဖော်​ပြ ခဲ့​ပြီ။-

``အ​ချိန်​အ​နည်း​ငယ်​ကြာ​လျှင်​သင်​တို့​ငါ့ ကို​တွေ့​မြင်​ကြ​တော့​မည်​မ​ဟုတ်။ ထို့​နောက် အ​ချိန်​အ​နည်း​ငယ်​ကြာ​ပြန်​သော်​ငါ့​ကို ပြန်​၍​တွေ့​မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

`အ​ချိန်​အ​နည်း​ငယ်​ကြာ​လျှင်' ဆို​သည်​ကား အ​ဘယ်​သို့​ဆို​လို​သ​နည်း။ အ​ဘယ်​အ​မှု အ​ရာ​အ​ကြောင်း​ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သည်​ကို​ငါ​တို့​မ​သိ'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။

သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ထို​သူ​တို့​လျှောက် ထား​မေး​မြန်း​လို​ကြောင်း​သိ​တော်​မူ​သ​ဖြင့် ``သင် တို့​အ​ချင်း​ချင်း​အ​ဘယ်​အ​ကြောင်း​ကို​မေး​မြန်း ပြော​ဆို​လျက်​နေ​ကြ​သ​နည်း။ `အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်' ဟူ​၍​လည်း​ကောင်း၊ ထို​နောက် `အ​ချိန် အ​နည်း​ငယ်​ကြာ​ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့ မြင်​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ငါ​ပြော သော​စ​ကား​များ​နှင့်​ပတ်​သက်​၍​လော။-

ယ​ခု​မှာ​မူ​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင် ထံ​သို့​ငါ​သွား​တော့​မည်။ သို့​ရာ​တွင်​ငါ​အ​ဘယ် အ​ရပ်​သို့​သွား​မည်​ကို​သင်​တို့​မည်​သူ​မျှ မ​မေး​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ