Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 15:6

Common Language Bible

ငါ​၌​မ​တည်​နေ​သော​သူ​သည်​အ​ပြင်​သို့​ပစ် ထုတ်​ခြင်း​ကို​ခံ​ရ​၍ ခြောက်​သွေ့​သွား​သည့် အ​ကိုင်း​အ​ခက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ လူ​တို့ သည်​ထို​သို့​သော​အ​ကိုင်း​အ​ခက်​များ​ကို စု​သိမ်း​၍​မီး​ရှို့​တတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယင်း​တို့​ကို​ကိုင်​တွယ်​ရန်​သံ​တန်​ဆာ​သို့​မ​ဟုတ် လှံ​တံ​ကို​အ​သုံး​ပြု​ရ​၏။ ထို​ဆူး​ပင်​တို့​သည်​မီး​ရှို့​၍​လုံး​ဝ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။

ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင် စိုက်​ပျိုး​ပြီး​လျှင် အ​လွန်​သန်​မာ​ထွား​ကြိုင်း​အောင်​ပြု​စု​ထား​သည့် စ​ပျစ်​ပင်​ပျို​ကို​ကယ်​တော်​မူ​ပါ။

သို့​ရာ​တွင်​သင့်​မှာ​မူ​သင်္ချိုင်း​မ​ရှိ။ ပုပ်​ပျက်​စေ ရန်​သင်​၏​အ​လောင်း​ကို​စွန့်​ပစ်​ထား​လိုက်​ကြ လေ​ပြီ။ ထို​အ​လောင်း​သည်​တိုက်​ပွဲ​တွင်​ကျ ဆုံး​သည့်​အ​သေ​ကောင်​များ​နှင့်​ဖုံး​လျက်၊ ဋ္ဌား​နှင့်​ထိုး​ဖောက်​ခံ​ရ​၍​ကျောက်​တွင်း​ထဲ သို့​ပစ်​ချ​ကျော်​နင်း​ခြင်း​ကို​ခံ​ရ​၏။-

ခိုင်​ခံ့​စွာ​တန်​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​၏။ ထို​မြို့​သည်​လူ​သူ မ​ရှိ​သည့်​တော​ကန္တာ​ရ​ကဲ့​သို့​ဆိတ်​ငြိမ်​၍​နေ​၏။ ယင်း​သည်​ကျွဲ​နွား​တို့​အ​စာ​စား​နား​နေ​ရာ စား​ကျက်​ဖြစ်​လေ​ပြီ။-

``သို့​ဖြစ်​၍​ဤ​စ​ပျစ်​ပင်​သည်​ဆက်​လက်​၍ ရှင်​သန်​နိုင်​မည်​လော။ ထို​အ​ပင်​ကို​အ​မြစ်​မှ ဆွဲ​နုတ်​ပြီး​လျှင် စ​ပျစ်​သီး​များ​ကို​ချွေ​ကာ အ​ကိုင်း​သစ်​တို့​ကို​လည်း​ချိုး​၍ ညှိုး​နွမ်း ခြောက်​သွေ့​သွား​စေ​မည်​မ​ဟုတ်​လော။ ထို အ​ပင်​ကို​နုတ်​ပစ်​ရန်​ခွန်​အား​များ​စွာ​ရှိ​ရန် လူ​အ​လုံး​အ​ရင်း​ကို​လို​လိမ့်​မည်​မ​ဟုတ် ဟု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-

လူ​သား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ လွှတ်​တော်​မူ​၍ လူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ သူ​များ​နှင့်​အ​ပြစ်​ကူး​သူ​အ​ပေါင်း​ကို​နိုင်​ငံ တော်​ထဲ​က​ရွေး​ထုတ်​စေ​ပြီး​လျှင်၊-

ထို​အ​ခါ​ယု​ဒ​သည်​ငွေ​ဒင်္ဂါး​သုံး​ဆယ်​ကို​ဗိ​မာန် တော်​တွင်​ပစ်​ချ​ကာ​ထွက်​သွား​၏။ ထို​နောက်​အ​ခြား သို့​သွား​ပြီး​လျှင်​ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။

သစ်​ပင်​များ​အား​အ​မြစ်​ရင်း​မှ​ခုတ်​လှဲ​ပစ်​ရန် ပု​ဆိန်​ကို​အ​သင့်​ထား​ရှိ​ပြီ​ဖြစ်​၍ အ​သီး​ကောင်း ကို​မ​သီး​သည့်​အ​ပင်​ဟူ​သ​မျှ​သည်​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်။-

လူ​တို့​သည်​အ​သီး​ကောင်း​ကို​မ​သီး​သည့်​အ​ပင် ရှိ​သ​မျှ​ကို​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​တတ်​ကြ​၏။-

ကိုယ်​တော်​ရှင်​သည်​ငါ​၌​အ​သီး​မ​သီး​သော အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​ခုတ်​ပစ်​တော်​မူ ၏။ အ​သီး​သီး​သည့်​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ ကို​လည်း​ပို​၍​သီး​စေ​ရန်​သုတ်​သင်​ရှင်း​လင်း တော်​မူ​၏။-

ငါ​တို့​သည်​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို​လည်း ကောင်း၊ ဘု​ရား​သ​ခင်​ကို​အ​တိုက်​အ​ခံ​ပြု​သူ တို့​အား​ကျွမ်း​လောင်​စေ​မည့်​အ​မျက်​တော်​မီး ကို​လည်း​ကောင်း​ကြောက်​ရွံ့​တုန်​လှုပ်​လျက်​စောင့် မျှော်​နေ​ကြ​ရန်​သာ​ရှိ​တော့​၏။-

အ​ကယ်​၍​လူ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင် နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ် ကို​သိ​ကျွမ်း​ရ​ခြင်း​အား​ဖြင့် လော​ကီ​ညစ်​ညမ်း မှု​များ​မှ​လွတ်​မြောက်​ကြ​ပြီး​နောက်​တစ်​ဖန် ပြန်​၍ ထို​ညစ်​ညမ်း​မှု​များ​၏​ကျွန်​ဖြစ်​ပါ​မူ ထို​သူ​တို့​၏​နောက်​ဆုံး​အ​ခြေ​အ​နေ​သည် လက်​ဦး​အ​ခြေ​အ​နေ​ထက်​ဆိုး​ရွား​လေ တော့​သည်။-

ထို​သူ​တို့​သည်​အ​မှန်​စင်​စစ်​အ​ဘယ်​အ​ခါ​က​မျှ ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ​ဝင်​ခဲ့​ကြ​သ​ဖြင့် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ အ​ကယ်​၍​သူ တို့​သည်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​ပါ​ဝင်​ခဲ့​ပါ​မူ ငါ​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​မည်​ဖြစ်​၏။ သူ​တို့ သည်​အ​မှန်​ပင်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ ဝင်​ကြောင်း​သိ​သာ​ထင်​ရှား​စေ​ရန် သူ​တို့​သည် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။

(ထို​မီး​အိုင်​ကား​ဒု​တိ​ယ​သေ​ခြင်း​တည်း။) အ​သက် စာ​စောင်​တွင်​စာ​ရင်း​မ​ဝင်​သူ​ရှိ​သ​မျှ​တို့​သည် မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။

သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ