Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 14:24

Common Language Bible

ငါ့​ကို​မ​ချစ်​သော​သူ​သည်​ငါ့​သွန်​သင်​ချက် ကို​မ​ခံ​မ​ယူ​တတ်။ သင်​တို့​ကြား​ရ​သော​သွန် သင်​ချက်​သည်​ငါ့​သွန်​သင်​ချက်​မ​ဟုတ်။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​သွန် သင်​ချက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​လို​လျှင်​သွား​လော့၊ သင့်​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​ပြီး လျှင်​ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ သို့​ပြု​လျှင်​သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ လိမ့်​မည်။ ထို​သို့​စွန့်​ကြဲ​ပြီး​မှ​ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​ခ​မည်း​တော်​၌​တည်​ရှိ​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​ရှိ​နေ​တော်​မူ​သည် ကို​သင်​မ​ယုံ​သ​လော။ သင်​တို့​အား​ငါ​ပြော သော​စ​ကား​သည်​ငါ့​ကိုယ်​ပိုင်​စ​ကား​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​သည်​ခ​မည်း​တော်​ပြု တော်​မူ​သော​အ​မှု​များ​ပင်​ဖြစ်​၏။-

``သင်​တို့​သည်​ငါ့​ကို​ချစ်​လျှင်​ငါ့​ပ​ညတ် တို့​ကို​စောင့်​ထိန်း​လိမ့်​မည်။-

``သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​ဤ​အ​ရာ များ​ကို​ငါ​ဖော်​ပြ​ပြီ။-

အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား ငါ​တို့ သည်​မိ​မိ​တို့​သိ​သည့်​အ​ရာ​ကို​ပြော​ကြ​၏။ မြင် သည့်​အ​ရာ​ကို​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​သင်​တို့​လက် မ​ခံ​ကြ။-

ဘု​ရား​သခင်​သည်​မိ​မိ​စေ​လွှတ်​တော်​မူ​သော​သူ အား​ဝိ​ညာဉ်​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး​တော် မူ​သည်​ဖြစ်​၍ ထို​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဖော်​ပြ​တတ်​၏။-

ထို့​ကြောင့်​သ​ခင်​ယေ​ရှု​က ယု​ဒ​အာ​ဏာ​ပိုင် တို့​အား ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား​သား​တော်​သည် မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ပြု တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ရ သည့်​အ​တိုင်း​သာ​လျှင်​ပြု​၏။ ခ​မည်း​တော်​ပြု တော်​မူ​သော​အ​ရာ​တို့​ကို​သား​တော်​သည်​ပြု တော်​မူ​၏။-

ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့် နှုတ်​က​ပတ်​တော်​သည် သင်​တို့​၏​စိတ်​နှ​လုံး​တွင်​မ​ကိန်း​အောင်း။-

သ​ခင်​ယေ​ရှု​က ``ငါ​ဟော​ပြော​သွန်​သင်​သော တ​ရား​သည်​ငါ​၏​တ​ရား​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​၏​တ​ရား​ဖြစ်​၏။-

ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``သင်​တို့​ငါ့​ကို သိ​ကြ​၏။ ငါ​အ​ဘယ်​က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​ကိုယ့်​အ​ခွင့် အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​သည်​သစ္စာ​နှင့်​ပြည့်​စုံ တော်​မူ​၏။ ထို​အ​ရှင်​ကို​သင်​တို့​မ​သိ​ကြ။-

သင်​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ငါ​ပြော​စ​ရာ များ​စွာ​ရှိ​၏။ သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ​စ​ရာ လည်း​များ​စွာ​ရှိ​၏။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​တော်​အ​ရှင်​ဖြစ်​တော်​မူ​၏။ ထို အ​ရှင်​ထံ​မှ​ငါ​ကြား​ရ​သည့်​တ​ရား​ကို​သာ လျှင် ဤ​လော​က​သား​တို့​အား​ငါ​ဟော​ပြော​၏'' ဟု​မိန့်​တော်​မူ​၏။

ထို့​ကြောင့်​ကိုယ်​တော်​က ``လူ​သား​ကို​မြေ​မှ မြှောက်​ထား​ကြ​သော​အ​ခါ​မှ​ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​လည်း​ကောင်း၊ ငါ သည်​ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​အ​ရ​အ​ဘယ် အ​မှု​ကို​မျှ​မ​ပြု​မူ​၍ မိ​မိ​အား​ခ​မည်း​တော် သွန်​သင်​တော်​မူ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​လျှင်​ဟော​ပြော​သွန်​သင်​သည်​ကို​လည်း ကောင်း သင်​တို့​သိ​ကြ​လိမ့်​မည်။-

ငါ​သည်​ငါ့​ခမည်း​တော်​ထံ​မှ​သိ​ရှိ​သော​အ​ရာ များ​ကို​ဟော​ပြော​၏။ သင်​တို့​မူ​ကား​သင်​တို့ အ​ဖ​ညွှန်​ကြား​သည့်​အ​တိုင်း​ပြု​ကြ​၏'' ဟု မိန့်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ဖ​ဖြစ်​ပါ​မူ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ​လိမ့် မည်။ ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ​၍ ယ​ခု​ဤ​အ​ရပ်​သို့​ရောက်​ရှိ​နေ​၏။ ကိုယ်​ပိုင် အ​ခွင့်​အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ကိုယ် တော်​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ