Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 13:23

Common Language Bible

ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ကိုယ်​တော်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​ဆင်း​ရဲ​၌​ကား​မိ​မိ​ဝယ်​ထား​သော​သိုး​က​လေး တစ်​ကောင်​သာ​ရှိ​၏။ သူ​သည်​ထို​သိုး​ငယ်​ကို​ကြည့်​ရှု စောင့်​ရှောက်​၏။ သိုး​ငယ်​သည်​သမီး​သ​ဖွယ်​အိမ်​တွင် သား​သ​မီး​များ​နှင့်​အ​တူ​ကြီး​ပြင်း​လာ​သည်။ သူ​သည်​သိုး​ငယ်​အား​မိ​မိ​စား​သည့်​အ​စား အ​စာ​ကို​ကျွေး​တတ်​၏။ မိ​မိ​၏​သောက်​ရေ​ခွက် မှ​ရေ​ကို​တိုက်​၍​ပေါင်​ပေါ်​တွင်​ချီ​ပွေ့​ထား တတ်​၏။-

နယ်​ဘု​ရင်​ခံ​ချုပ်၊ နာ​သန်​၏​သား​အာ​ဇ​ရိ၊ ဘု​ရင့် အ​တိုင်​ပင်​ခံ​အ​မတ်၊ နာ​သန်​၏​သား​ယဇ်​ပု​ရော ဟိတ်​ဇာ​ဗုဒ်၊

ထို​နောက်​ဆင်း​ရဲ​သား​သည်​သေ​လွန်​သွား​သ​ဖြင့် ကောင်း​ကင်​တ​မန်​တို့​သည် သူ့​အား​အာ​ဗြ​ဟံ​၏ လက်​ယာ​ဘက်​တွင်​လျောင်း​စေ​ရန်​သယ်​ဆောင်​သွား ကြ​၏။ သူ​ဌေး​သည်​လည်း​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။-

လူ​တစ်​စုံ​တစ်​ယောက်​မျှ​ဘု​ရား​သ​ခင်​ကို​မ​မြင် စ​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​တော် မူ​သော၊ ဘု​ရား​ဖြစ်​တော်​မူ​သော၊ တစ်​ပါး​တည်း သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို​ထင်​ရှား စေ​တော်​မူ​ပြီ။

ညီ​အစ်​မ​နှစ်​ယောက်​တို့​က ``အ​ရှင်၊ အ​ရှင် ချစ်​တော်​မူ​သော​သူ​သည်​ဖျား​နာ​လျက်​နေ ပါ​၏'' ဟု​သ​ခင်​ယေ​ရှု​ထံ​သို့​သ​တင်း​ပေး ပို့​လိုက်​ကြ​၏။

ထို​အ​ခါ​လူ​တို့​က ``ကြည့်​ပါ၊ သူ​သည် လာ​ဇ​ရု​ကို​အ​လွန်​ချစ်​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။-

သ​ခင်​ယေ​ရှု​သည်​မာ​သ​နှင့်​ညီ​မ​မာ​ရိ​ကို လည်း​ကောင်း၊ လာ​ဇ​ရု​ကို​လည်း​ကောင်း​ချစ် တော်​မူ​၏။-

ရှိ​မုန်​ပေ​တ​ရု​က ``ကိုယ်​တော်​သည်​မည်​သူ့​ကို ဆို​လို​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ရန်​ထို​တ​ပည့်​အား​မျက်​ရိပ်​ပြ​၍​ခိုင်း​၏။

ထို​တ​ပည့်​တော်​သည် သ​ခင်​ယေ​ရှု​၏​အ​နီး သို့​ကပ်​ပြီး​လျှင် ``သ​ခင်၊ ထို​သူ​သည်​မည်​သူ ဖြစ်​ပါ​သ​နည်း'' ဟု​လျှောက်​၏။

သ​ခင်​ယေ​ရှု​သည်​မယ်​တော်​နှင့်​မယ်​တော်​၏ အ​နီး​တွင်​ကိုယ်​တော်​ချစ်​တော်​မူ​သော​တ​ပည့် တော်​ရပ်​လျက်​နေ​သည်​ကို​တွေ့​မြင်​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​က ``မယ်​တော်၊ ဤ​မှာ မယ်​တော်​၏​သား'' ဟု​မြွက်​ဆို​တော်​မူ​၏။

သူ​သည်​ရှိ​မုန်​ပေ​တ​ရု​နှင့်​သ​ခင်​ယေ​ရှု​ချစ် တော်​မူ​သော​တ​ပည့်​တော်​ထံ​သို့​ပြေး​သွား​ပြီး လျှင် ``သ​ခင်​ဘု​ရား​ကို​သင်္ချိုင်း​တော်​မှ​ယူ​ဆောင် သွား​ကြ​လေ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ပါ'' ဟု​ပြော​၏။

ပေ​တ​ရု​သည်​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ သူ​၏​နောက်​တွင်​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​ကို​မြင်​လေ​၏။ ထို​သူ​ကား​ည​စာ စား​ကြ​စဉ်​အ​ခါ​က​သ​ခင်​ယေ​ရှု​၏​ရင်​တော် ကို​မှီ​လျက် ``သ​ခင်၊ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​မည့်​သူ​ကား​အ​ဘယ်​သူ​ဖြစ်​သ​နည်း'' ဟု မေး​လျှောက်​ခဲ့​သူ​ဖြစ်​၏။-

ဤ​အ​ကြောင်း​အ​ရာ​တို့​ကို​ဖော်​ပြ​သက်​သေ ခံ​မှတ်​တမ်း​တင်​သူ​ကား​ထို​တ​ပည့်​တော်​ပင် ဖြစ်​၏။ သူ​၏​ဖော်​ပြ​ချက်​များ​မှန်​ကန်​ကြောင်း ကို​လည်း​ငါ​တို့​သိ​ကြ​၏။

ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့် တော်​က ``ငါ​တို့​၏​သ​ခင်​ဘု​ရား​ပင်​တည်း'' ဟု ပေ​တ​ရု​အား​ပြော​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ပေ​တ​ရု​သည်​မိ​မိ​ချွတ်​ထား​သည့်​အ​ဝတ် ကို​ခါး​တွင်​ပတ်​၍​အိုင်​ထဲ​သို့​ခုန်​ဆင်း​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ