ကိုယ်တော်သည်တပည့်တော်တို့၏ခြေကိုဆေး ပြီးနောက် ဝတ်လုံတော်ကိုပြန်၍ဝတ်ပြီးလျှင် ထိုင်တော်မူ၏။ ကိုယ်တော်က ``သင်တို့အတွက် ငါပြုခဲ့သောအမှုအရာကိုနားလည်ကြ သလော။-
လူတို့က``သင်သည်အဘယ်ကြောင့်ဤသို့ပြု သနည်း။ အကျွန်ုပ်တို့နှင့်ဆိုင်သလော။ ပြော ပါလော့'' ဟုငါ့အားမေးကြ၏။
ထိုအခါငါသည်သင်တို့၏ပုဗ္ဗနိမိတ်ဖြစ်၍ သင်တို့သည်ငါပြုခဲ့သမျှသောအမှုတို့ကို ပြုကြလိမ့်မည်။ ဤသို့ဖြစ်ပျက်လာသောအခါ ကိုယ်တော်သည်အရှင်ထာဝရဘုရားဖြစ်တော် မူကြောင်း သင်တို့သိရှိကြလိမ့်မည်ဟုထာဝရ ဘုရားမိန့်တော်မူ၏'' ဟုဆို၏။
သခင်ယေရှုက ``ဤအကြောင်းအရာအလုံးစုံ တို့ကိုသင်တို့နားလည်ကြပါ၏လော'' ဟုမေး တော်မူလျှင်တပည့်တော်တို့က``နားလည်ပါ သည်'' ဟုဖြေကြားကြ၏။
ကိုယ်တော်က ``သင်တို့သည်ဤပုံဥပမာကိုမျှ နားမလည်ကြလျှင် အဘယ်ပုံဥပမာကိုနား လည်နိုင်ကြမည်နည်း။-
စားပွဲထိုင်သူ၊ အစေခံသူတို့အနက်အဘယ်သူ သာ၍ကြီးမြတ်သနည်း၊ စားပွဲထိုင်သူမဟုတ် လော။ သို့ရာတွင်ငါသည်သင်တို့တွင်အစေခံသူ သဖွယ်ဖြစ်၏။
သို့ဖြစ်၍စားပွဲမှထ၍ဝတ်လုံတော်ကို ချွတ်တော်မူပြီးလျှင်ပဝါကိုယူ၍ခါး ကိုစည်းတော်မူ၏။-
သခင်ယေရှုက ``ငါပြုသောအမှုကိုယခု သင်မသိ။ နောင်အခါမှသိရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။