Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 12:9

Common Language Bible

ဗေ​သ​နိ​ရွာ​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​ကြောင်း ကြား​ရ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​သည် ထို​ရွာ​သို့​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သ​ခင် ယေ​ရှု​ကြောင့်​သာ​လျှင်​လာ​ကြ​သည်​မ​ဟုတ်။ ကိုယ်​တော်​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​ခဲ့ သူ လာ​ဇ​ရု​ကို​တွေ့​မြင်​လို​ကြ​သော​ကြောင့် လည်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​ဆို​ရာ​တွင်​ဒါ​ဝိဒ်​မင်း​ကိုယ်​တိုင်​ပင် မေ​ရှိ​ယ ကို `အ​ရှင်' ဟု​ခေါ်​သည်​ဖြစ်​ရာ အ​သို့​လျှင်​မေ​ရှိ​ယ သည်​ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု မိန့်​တော်​မူ​၏။ လူ​ပ​ရိ​သတ်​ကြီး​သည်​ကိုယ်​တော်​၏ စ​ကား​တော်​ကို အား​ရ​ရွှင်​လန်း​စွာ​ကြား​နာ​ကြ​၏။

ပ​သ​ခါ​ပွဲ​တော်​ကျ​ရောက်​ရန်​ခြောက်​ရက်​မျှ အ​လို​၌ သေ​လွန်​ပြီး​မှ​ပြန်​၍​အ​သက်​ရှင် စေ​တော်​မူ​ခဲ့​သူ လာ​ဇ​ရု​နေ​ထိုင်​ရာ​ဗေ​သ​နိ ရွာ​သို့​သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​၏။-

လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​၍​ယု​ဒ​အ​မျိုး သား​အ​များ​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ကို မ​ဆည်း​ကပ်​ကြ​တော့​ဘဲ သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ဆည်း​ကပ်​လာ​ကြ​၏။ သို့​ဖြစ်​၍​ယဇ်​ပု ရော​ဟိတ်​ကြီး​တို့​သည်​လာ​ဇ​ရု​ကို​လည်း သတ်​ရန်​ကြံ​စည်​ကြ​၏။

နောက်​တစ်​နေ့​၌​ပ​သ​ခါ​ပွဲ​တော်​သို့​လာ ကြ​ကုန်​သော​လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မည်​ဟု​ကြား​သ​ဖြင့်၊-

လာ​ဇ​ရု​အား​သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍​ရှင်​ပြန် စေ​တော်​မူ​စဉ်​အ​ခါ​က​နောက်​တော်​ပါ​ပ​ရိ​သတ် သည် အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​အ​ကြောင်း​ကို ပြန်​ကြား​ကြ​သ​ဖြင့် ကြား​ရ​သော​လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ကြို​ဆို​ရန်​လာ​ကြ​၏။

သို့​ရာ​တွင်​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​သူ သည် တ​မန်​တော်​တို့​နှင့်​ရပ်​လျက်​နေ​သည်​ကို မြင်​သ​ဖြင့် သူ​တို့​သည်​မည်​သို့​မျှ​ငြင်း​ဆို ရန်​မ​တတ်​နိုင်​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ