Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 12:36

Common Language Bible

သို့​ဖြစ်​၍​အ​လင်း​ရှိ​နေ​ခိုက်​ထို​အ​လင်း​ကို ယုံ​ကြည်​ကြ​လော့။ သို့​မှ​သာ​သင်​တို့​သည် အ​လင်း​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု သည်​ထွက်​ကြွ​၍ ထို​သူ​တို့​ကို​တိမ်း​ရှောင် လျက်​နေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​၍​နေ​ကဲ့​သို့​ထွန်း​တောက်​လော့။ သင်​၏​အ​လင်း​ပေါ်​ထွန်း​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လျက်​နေ​၏။

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မြို့​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ​၍​ထို​ည​တည်း​ခို​တော်​မူ​၏။

``သင်​တို့​သည်​လော​က​၏​အ​လင်း​သ​ဖွယ်​ဖြစ် ကြ​၏။ တောင်​ပေါ်​မှာ​တည်​ထား​သော​မြို့​ကို​ဖုံး ကွယ်​၍​မ​ထား​နိုင်။-

ဤ​သို့​ပါး​နပ်​လိမ္မာ​စွာ​ပြု​သည့်​အ​တွက်​မ​ရိုး ဖြောင့်​သည့်​မန်​နေ​ဂျာ​ကို​သူ​ဌေး​သည်​ချီး​မွမ်း လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​ကီ​သား တို့​သည်​လော​ကီ​ကိစ္စ​ဆောင်​ရွက်​ရာ​တွင် အ​လင်း နှင့်​ဆိုင်​သော​သား​များ​ထက်​ပါး​နပ်​လိမ္မာ ကြ​သော​ကြောင့်​တည်း။

တ​ရား​တော်​ကို​လူ​အ​ပေါင်း​တို့​ကြား​၍ ယုံ​ကြည်​လာ​စိမ့်​သော​ငှာ ထို​သူ​သည်​အ​လင်း တော်​အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​၏။-

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင် အ​ထင်​အ​ရှား​မ​သွား​မ​လာ​တော့​ချေ။ ထို အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍​တော​က​န္တာ​ရ အ​နီး၊ ဧ​ဖ​ရိမ်​နာ​မည်​ရှိ​သော​မြို့​သို့​ကြွ တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ​၏။

သူ​တို့​၏​မျက်​မှောက်​တွင်​များ​စွာ​သော​နိ​မိတ် လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​ခဲ့​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ။-

ငါ့​ကို​ယုံ​ကြည်​သူ​မှန်​သ​မျှ​သည်​အ​မှောင် တွင်​မ​နေ​ရ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း အ​ဖြစ်​လော​က​သို့​ကြွ​လာ​ပြီ။-

သို့​ရာ​တွင်​သစ္စာ​တ​ရား​ကို​ကျင့်​သော​သူ​များ ကား မိ​မိ​ပြု​လေ​သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ဖြစ် ကြောင်း​ကို သိ​သာ​ထင်​ရှား​စေ​ရန်​အ​လင်း သို့​ချဉ်း​ကပ်​လာ​တတ်​သည်။

တစ်​ဖန်​သ​ခင်​ယေ​ရှု​က​ဖာ​ရိ​ရှဲ​တို့​အား ``ငါ သည်​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည်​အ​သက်​၏​အ​လင်း​ကို​ရ ၍​အ​ဘယ်​အ​ခါ​မျှ​အ​မှောင်​တွင်​သွား​လာ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ပေါက်​ရန် ကျောက်​ခဲ​များ​ကောက်​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​တိမ်း​ရှောင်​၍​ဗိ​မာန်​တော်​မှ ထွက်​ခွာ​သွား​တော်​မူ​၏။

အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​မှောင်​မိုက်​တွင် နေ​ထိုင်​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​၌​မူ​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​များ​ဖြစ်​လာ​ကြ သ​ဖြင့်​အ​လင်း​သို့​ရောက်​ရှိ​ကြ​လေ​ပြီ။ သို့ ဖြစ်​၍​အ​လင်း​၌​ကျင်​လည်​သူ​များ​ကဲ့​သို့ ပြု​ကျင့်​ကြ​လော့။-

သင်​တို့​အား​လုံး​ပင်​အ​လင်း​တွင်​လည်း​ကောင်း၊ နေ့ တွင်​လည်း​ကောင်း​ကျင်​လည်​သူ​များ​ဖြစ်​ကြ​၏။ ငါ တို့​သည်​ညဥ့်​တွင်​လည်း​ကောင်း​မှောင်​မိုက်​တွင်​လည်း ကောင်း​ကျင်​လည်​သူ​များ​မ​ဟုတ်။-

သို့​ရာ​တွင်​ငါ​တို့​သည်​နေ့​အ​ချိန်​၌​ကျင်​လည် သူ​များ​ဖြစ်​ကြ​သ​ဖြင့် သမ္မာ​သ​တိ​ရှိ​ကြ​ကုန် အံ့။ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တည်း​ဟူ သော​ရင်​အုပ်​တန်​ဆာ​ကို​တပ်​ဆင်​လျက် ကယ်​တင် ခြင်း​ခံ​ရ​ရန်​မျှော်​လင့်​ခြင်း​တည်း​ဟူ​သော​သံ ခ​မောက်​ကို​ဆောင်း​ကြ​ကုန်​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ